စစ်ကောင်စီထောက်ပို့လေယာဥ်တွေအသုံးပြုတဲ့ လေယာဥ်ကွင်း တိုက်ခိုက်ခံရလို့ ပျက်စီးမှုရှိ (ရုပ်/သံ)

0 48
0 48

ပခုက္ကူ၊ ဇူလိုင် ၆၊ ၂၀၂၅။

မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ စစ်ကောင်စီထောက်ပို့လေယာဥ်တွေ အတက်အဆင်းလုပ်တဲ့ လေယာဥ်ကွင်းကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ရာ လေယာဥ်ပြေးလမ်းပျက်စီးပြီး ထိခိုက်သေဆုံးမှုတွေလည်းရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -၂ COBRA ONE Pakokku ဆီက သိရပါတယ်။

ဇူလိုင် ၅ ရက် နေ့လယ် ၁၀ နာရီ ၄၈ မိနစ်မှာ Rocket အပြင် ၆၀ မမ လက်နက်ကြီး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“အခုပြုပြင်နေတဲ့ လေယာဉ်ကွင်းထဲကို Rocket ၁၀ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ၊ Rocket ချည်းပဲတော့မဟုတ်ဘူး၊ ၆၀ မမ လက်နက်ကြီးတွေ ညှပ်ပြီးပစ်ခဲ့တာ၊ ၆၀ မမ လက်နက်ကြီးကတော့ ၅ လုံးပစ်ခတ်နိုင်ခဲ့တယ်၊ အတွင်းသတင်းပေးချက်အရ ၅ လုံးက လေယာဉ်ကွင်းထဲ ကျရောက်ပေါက်ကွဲပြီးတော့ ၁၃ ဦးဒဏ်ရာရပြီး‌ ၃ ဦးကတော့ အခြေအနေမကောင်းဘူးလို့ ကနဦးသတင်းအရ သိရတယ်၊ နောက်ပြီးတော့ လေယာဉ်ကွင်းပြေးလမ်းလည်း ထိခိုက်ပျက်စီးသွားတယ်” လို့ COBRA ONE Pakokku ခေါင်းဆောင် ဗိုလ်မြွေဟောက်က ပြောပါတယ်။

အဲ့ဒီလေယာဥ်ကွင်းမှာ စစ်ကောင်စီတပ်ရဲ့ စက်တပ်လေထီးတွေ၊ ထောက်ပို့ရဟက်ယာဥ်တွေက အတက်အဆင်းတွေလုပ်လေ့ရှိပြီး အနီးဝန်းကျင်ဒေသတွေကို ဗုံးကြဲတာတွေလုပ်တာကြောင့် ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်တွေအတွက် အန္တရာယ်များတဲ့နေရာဖြစ်တယ်လို့လည်း ဆိုပါတယ်။

“အဲ့ဒီလေယာဉ်ကွင်းဟာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရော ပြည်သူတွေရော ကြီးမားတဲ့အန္တရာယ်တခုပါ၊ ဒီလေယာဉ်ကွင်းကို အသုံးပြုမယ်ဆို တော်တော်ဒုက္ခပေးမှာကြောင့် စတင်ပြီးတော့ နှိမ်နင်းရခြင်းဖြစ်တယ်၊ အဲ့ဒီလေယာဉ်ကွင်းက ပခုက္ကူမြို့နဲ့ ၁ မိုင်ခွဲအကွာမှာရှိပြီး ၂၀၂၄ လောက်ကစလုပ်တာ၊ အခု ၂၀၂၅ မှာလည်း လေယာဉ်ဆင်းတာတွေလုပ်တာကြောင့် ပစ်ခတ်နှိမ်နင်းရခြင်းဖြစ်တယ်၊ အဲ့ဒီလေယာဉ်ကွင်းကနေ စက်တက်လေထီးတွေ အတက်အဆင်းလုပ်ပြီး ပေါက် မြိုင် ရေစကြိုဘက်တွေကို ဗုံးကြဲချတာလုပ်တယ်။”လို့ သူက ဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -၂ COBRA ONE Pakokku၊ Coloum One ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့နဲ့ မဟာမိတ်အဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

ချောင်းဦး-ရေစကြို-ပခုက္ကူ ကားလမ်းပေါ် ပန်းတိုင်းခြုံရွာနဲ့ ကြီးကျေးရွာကြားမှာတည်ရှိတဲ့ အဲ့ဒီလေယာဉ်ကွင်းကို နှစ် ၂၀ နီးပါး ပုံမှန်အသုံးမပြုခဲ့ဘဲ ၂၀၂၄ မှာပြန်လည်ပြုပြင်ပြီး အသုံးပြုနေတာလို့ သိရပါတယ်။

တည်းဖြတ် – HP

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။