488
မြေလတ်အသံ၊ ဇွန် ၂၃၊ ၂၀၂၆။
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းမှာ စစ်တပ်သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ် Mi – 17 ကို ဒရုန်းနဲ့ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။
ဒီကနေ့ ဇွန်လ ၂၃ ရက် ညနေ ၄ နာရီခွဲဝန်းကျင်မှာ မြိုင်မြို့နယ်၊ တွင်းမရွာအနီး ရပ်တန့်ထားတဲ့ စစ်တပ်ရဟတ်ယာဉ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်နိုင်ခဲ့တာဖြစ်ပြီး ဒရုန်းထိမှန်မှုကြောင့် ရဟတ်ယာဉ်မှာ ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့တာလည်း ဖြစ်ပါတယ်။
ပေါက်ကွဲမှုကြောင့် ရဟတ်ယာဉ်မှူးအပါအဝင် စစ်သားတချို့သေဆုံးမှုရှိခဲ့တယ်လို့လည်း ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံက ပြောပါတယ်။