12 July 2026 6:59 AM

“Operation Su” အဖြစ် ဆိပ်ဖြူမှာ စစ်ယာဥ်တန်းစောင့်ကြိုတိုက်ခိုက်မှု လကတ ၃၀၃၆ က ဗိုလ်ကြီးအပါ ၁၀ ဦးသေဆုံး (ရုပ်/သံ)

0 265
0 265

မြေလတ်အသံ၊ ဇွန် ၁၈၊ ၂၀၂၆။

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ စစ်ယာဥ်တန်းကို စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်မှုအတွင်း ဗိုလ်ကြီးအပါ ၁၀ ဦး သေဆုံးတယ်လို့ ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

ဇွန်လ ၁၆ ရက်မှာ ဆိပ်ဖြူ၊ ကဇွန်းမအခြေစိုက် အမှတ် ၃၀၃၆ လေကြောင်းရန်ကာကွယ်ရေးတပ် (လကတ ၃၀၃၆)မှ ဗိုလ်ကြီး ဖြိုးသူအောင် ဦးဆောင်တဲ့ အင်အား ၁၅ ဦးပါ ယာဥ်တန်းဟာ ဆိပ်ဖြူမြို့ ကနေ တပ်အခြေစိုက်ရာ ကဇွန်းမ ကို ပြန်လာမယ့်သတင်းကို ကြိုတင်သတင်းရရှိတာကြောင့် ကဇွန်းမ – ဆိပ်ဖြူလမ်းပိုင်းတနေရာမှာ အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

” အိမ်စီးကား ၁ စီး၊ ဖောကား ၁ စီးကို အင်အား ၁၅ ယောက်လောက်ပါတာပေါ့။ ကား ၂ စီးလုံးက နေရာမှာတင် ပျက်စီးသွားတာ။ လောလောဆယ် ဆိပ်ဖြူမြို့နဲ့အနီးတဝိုက်မှာ အင်အားအများအပြားနဲ့ခြေရှုပ်နေတာရှိတယ်” လို့ ဆိပ်ဖြူမြောက်ပိုင်းPDFတာဝန်ခံ ကိုသူရိန်က မြေလတ်အသံကို ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း ဗိုလ်ကြီးဖြိုးသူအောင်အပါအဝင် စစ်သား ၁၀ ဦးနေရာမှာသေဆုံးခဲ့ပြီး MA-1 သေနတ် ၅ လက်၊ MA-2 သေနတ် ၁ လက်၊ MA-3 သေနတ် ၁ လက်၊ MA-5(ပစ္စတို) သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည်ဆံ မျိုးစုံ ၂၆၀ တောင့်၊ ကျည်ဘောက် ၁၈ ခု၊ ငွေသားအချို့နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာလည်း ဖော်ပြပါတယ်။

တိုက်ခိုက်မှုကို ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NSP၊ ပခုက္ကူခရိုင်အမှတ် ၄ တပ်ရင်း တပ်ခွဲ ၃၊ ပခုက္ကူခရိုင်အမှတ် ၆တပ်ရင်း၊ ပခုက္ကူခရိုင်အမှတ် ၇တပ်ရင်း၊ ပခုက္ကူခရိုင်အမှတ် ၁၇ တပ် ရင်း၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်(MGY-PDF) တို့ပူးပေါင်းလုပ်ဆောင်ခဲ့ကာ တော်လှန်ရေး တပ်ဖွဲ့တွေဘက်က အထိခိုက်မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုဟာ ဇွန်လ ၁၉ ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့အထိမ်းအမှတ် “Operation Su ” အဖြစ် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။