NUG အထူးတိုင်းစစ်ဌာနချုပ် ဗုံးကြဲခံရ ထိခိုက်သေဆုံးရှိ

0 1
0 1

မြေလတ်အသံ၊ စက်တင်ဘာလ ၂၄၊ ၂၀၂၆။

NUG အထူးတိုင်း စစ်ဌာနချုပ် ဗုံးကြဲခံရလို့ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

စက်တင်ဘာလ ၂၄ ရက် ဒီကနေ့ မနက် ၁၁ နာရီခန့်မှာ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းကနေ အထူးတိုင်းစစ်ဌာနရှိတဲ့ နေရာကို ဗုံး ၆ လုံးကြဲချသွားတယ်လို့ ဆိုပါတယ်။

“တပ်မဟာ ၃ နဲ့ ၁ အစပ်က သိမ်ဇရပ် အနောက်ဘက်ဂွင်ထဲမှာ ဖြစ်တာ။ အမတ ၃၁၀ နဲ့ တပ်မ ၄၄ က ဟောင်ဝင်ဇာနဲ့ ပစ်ခတ်တာတွေလည်း ရှိတယ်။ ထိခိုက်သေဆုံးတော့ ရှိတယ်”လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တဦးက မြေလတ်အသံကို ပြောပါတယ်။

မြေလတ်အသံက လတ်တလောစုံစမ်းသိရှိချက်အရ သေဆုံးသူ PDF အဖွဲ့ဝင် ၄ ဦးရှိပြီးလို့ သိရပါတယ်။

ဗုံးကြဲခံရပြီးနောက်မှာ ကျိုက်ထိုနဲ့ သိမ်ဇရပ်အခြေစိုက် စစ်တပ်တွေကနေ လ​က်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်နေလို့ သေဆုံးထိခိုက်သူတွေ ကောက်ယူဖို့တောင် အခက်ခဲရှိနေတယ်လို့ သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။