လူမြင်ကွင်းကပျောက်တာ ၁လနီးပါးရှိလာပြီဖြစ်တဲ့ ဗိုလ်ချုပ် ဇော်မင်းထွန်း (ရုပ်သံဆောင်းပါး)

0 8
0 8

မြေလတ်အသံ၊ ဧပြီ ၁၂၊ ၂၀၂၆။

အာဏာသိမ်းစစ်တပ်မှာ စစ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင်နဲ့ စိုးဝင်းတို့ ၂ ဦးပြီးရင် မြန်မာပြည်သူအများစုအကြား လူသိများတဲ့ စစ်ကော်မရှင်သတင်းထုတ်ပြန်အဖွဲ့ခေါင်းဆောင်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း လူမြင်ကွင်းက ပျောက်ဆုံးနေတာ ၁ လနီးပါးရှိလာပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လလယ်ပိုင်းကစလို့ လူမြင်ကွင်းကပျောက်ဆုံးနေတာဖြစ်ပြီး မတ်လနောက်ဆုံးအပတ်ထဲမှာပဲ စစ်ကော်မရှင်တပ်က ဗိုလ်ချုပ် ဇော်မင်းထွန်းရဲ့စစ်ဘက်ရာထူးဖြစ်တဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်းရေးညွှန်ကြားရေးမှူးရုံး(ကကပြည်) ညွှန်ကြားရေးမှူးရာထူးကို ဗိုလ်မှူးချုပ် ရဲရင့်အောင် နဲ့ အစားထိုးလိုက်ပါတယ်။

ဒါ့အပြင် ဧပြီလ ၉ ရက်က သမ္မတအသွင်ပြောင်းထားတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းတဲ့ ဒုတိယဝန်ကြီးအမည်စာရင်းမှာလည်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနေရာမှာ ဗိုလ်ချုပ် ဇော်မင်းထွန်း ပါဝင်လာတာမရှိပါဘူး။

ဗိုလ်ချုပ် ဇော်မင်းထွန်း နဲ့ပတ်သက်ပြီး စစ်ကော်မရှင်တပ်ဘက်က တစုံတရာသတင်းထုတ်ပြန်တာမရှိသလို ဗိုလ်ချုပ် ဇော်မင်းထွန်း သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ရာထူးရှိစဥ်က သူ့ရဲ့သတင်းရုပ်သံတွေကို တခုတ်တရဖော်ပြနေကြတဲ့ စစ်ကော်မရှင်တပ်ကိုထောက်ခံရေးသားနေတဲ့ သတင်းမီဒီယာတွေအနေနဲ့လည်း သူပျောက်ဆုံးနေတာနဲ့ပတ်သက်လို့ စစ်ကော်မရှင်တပ်ကိုမေးမြန်းတာမရှိသလို သတင်းဖော်ပြတာလည်း မတွေ့ရပါဘူး။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။