ပြင်ဦးလွင်မှာ ရည်စားဟောင်းက ဓားနဲ့ထိုးလို့ အမျိုးသမီး ၁ ဦးသေဆုံး

0 8
0 8

ပြင်ဦးလွင်၊ ဧပြီ ၁၂၊ ၂၀၂၆။

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး ၁၉ ငါးရံ့ချောင်းရပ်ကွက်မှာ ရည်စားဟောင်းကဓားနဲ့ထိုးလို့ အမျိုးသမီး ၁ ဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

သေဆုံးသူဟာ အသက် ၂၅ နှစ်ကျော်အရွယ်ရှိ အမျိုးသမီးဖြစ်ပြီး ဧပြီ ၁၁ ရက်ည ၇ နာရီမှာ နေအိမ်မှာရှိနေချိန် အသက် ၂၇ နှစ်အရွယ်ခန့်ရှိ ရည်စားဟောင်းက အိမ်ရှေ့ရောက်လာပြီးနောက် သေဆုံးသူအမျိုးသမီးကိုခေါ်ထုတ်ပြီး ဓားနဲ့ထိုးထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

“မနေ့ညက သိရတာတော့ အနုကြမ်းဝင်စီးတာကို ကလေးမလေးက ဝင်လုံးရင်း ဖြစ်တာလို့သိရတာ။ အခုမနက်ကျမှ သမီးရည်းစားချင်းဖြစ်တာလို့ သိရတယ်။ ကောင်မလေးက မင်္ဂလာဆောင်တော့မှာလို့ သိရတာ။ “လို့ ကူညီဆောင်ရွက်ပေးခဲ့သူမြို့ခံတဦးက ပြောပါတယ်။

ဓားနဲ့ထိုးခံရတာကြောင့် ရင်ဘတ်အပါအဝင် ဓားဒဏ်ရာ ၂ ချက်ထက်မနည်းရပြီး ပြင်ဦးလွင်မြို့နယ်ဆေးရုံကိုပို့ဆောင်ချိန်မှာ သေဆုံးခဲ့ပြီး ဓားနဲ့ထိုးချိန် ကောင်မလေးဘက်ကဝင်ဆွဲတဲ့ အသက် ၆၀ ကျော်အရွယ် ကောင်မလေးရဲ့ဖခင်ဖြစ်သူနဲ့ အသက် ၂၅ နှစ်အရွယ် သတို့သားလောင်းတို့ရဲ့ လက်တွေမှာလည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဓားနဲ့ထိုးခဲ့သူ တရားခံကတော့ ထွက်ပြေးသွားပြီး နောက်ဆက်တွဲဖမ်းဆီးရမိခြင်း ရှိမရှိကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ဓားထိုးခံရပြီးသေဆုံးသွားတဲ့ မိန်းကလေးအလောင်းကို ဧပြီ ၁၂ ရက်မနက်ပိုင်းအထိတော့ စစ်ဆေးမှုတွေပြုလုပ်နေသေးတာကြောင့် အလောင်းကိုနေအိမ်ပြန်မသယ်ရသေးဘူးလို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။