ကျောက်ကြီး၊ ဩဂုတ် ၁၂၊ ၂၀၂၆။
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်း စစ်ရှောင်တွေ မှီခိုနေထိုင်နေတဲ့ ကျေးရွာဗုံးကြဲခံရလို့ အသက် ၉ နှစ်အရွယ် မိန်းခလေး ၁ ဦးနဲ့ အမျိုးသမီး ၂ ဥဦးသေပြီး ကလေးငယ် ၄ ဦးအပါအဝင် ၈ ဥဦးဒဏ်ရာရခဲ့တယ်လို့ KNU ညောင်လေးပင်ခရိုင် ပြောရေးဆိုခွင့်ရှိသူထံက သိရပါတယ်။

ဩဂုတ်လ ၁၀ ရက်နေ့ညနေ ၄ နာရီခန့်က တောင်ငူလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီးဟာ ဘုရားကြီးကျေးရွာပေါ်ကို ပေါင် ၅၀၀ ဗုံး ၂ လုံး လာရောက်ကြဲချခဲ့တာကြောင့်လို့ ပြောပါတယ်။


“တိုက်ပွဲဖြစ်တာ မရှိဘူး။ သူဟာသူရမ်းသမ်းပြီး ရွာထဲလာချသွားတာ။ ရွာကလမ်းမကြီးဘေးဆိုတော့ တော်လှန်ရေးရဲဘော်တွေက ဖြတ်သွားဖြတ်လာရှိတယ်။ ရွာထဲနေတာ မရှိဘူး။ သေတဲ့အထဲ စစ်ရှောင်တွေလည်း ပါတယ်”လို့ KNU ညောင်လေးပင်ခရိုင် ပြောရေးဆိုခွင့်ရှိသူ စောဟဲဂေက ပြောပါတယ်။


ဗုံးထိမှန်တာကြောင့် ပဒဲကော ကျေးရွာကနေ စစ်ဘေးရှောင်းဖို့ ဘုရားကြီးကျေးရွာကို ရောက်လာတဲ့ အသက် ၉ နှစ်အရွယ် နော်အယ်ဂျာလင်း၊ အလားတူ မာပီဖိုးကျေးရွာမှ စစ်ဘေးရှောင်နေရသူ အသက် ၄၀ အရွယ် နော်ရှီးဒူးဖောနဲ့ ဘုရားကြီးကျေးရွာခံ အသက် ၄၀ အရွယ် မနီလာတို့ ခန္ဓာကိုယ်အစိပ်အပိုင်းတွေ ပြတ်ထွက်ပြီး နေရာမှာပင် သေဆုံးခဲ့ကြတာ ဖြစ်ပါတယ်။


ဒါ့အပြင် စစ်ရှောင်ဖို့ရောက်လာကြတဲ့ ပဒဲကောကျေးရွာနဲ့ ဘုရားကြီးကျေးရွာဒေသံခံတွေထဲက ကလေးငယ် ၄ ဦးဖြစ်တဲ့ အသက် ၅ နှစ်အရွယ် စောပဟီထူး၊ ၉ နှစ်အရွယ် နော်ဆဲသယူဖော၊ ၁၃ နှစ်အရွယ် နော်မူးကပြူဝါးနဲ့ ၁၄ နှစ်အရွယ် စောအယ်ကလယ်စေးတို့မှာ ပေါင် ၅၀၀ ဗုံစစင်ပြီး ထိခိုက်ဒဏ်ရာရခဲ့သလို့ အမျိုးသမီး ၁ ဦးဖြစ်တဲ့ ၂၇ နှစ်အရွယ် နော်သက်မာအေးနဲ့ ကျန်အမျိုးသား ၃ ဦးမှာ အသက် ၅၅ နှစ်အရွယ်စောခိုနူး၊ စောဘီးထူးနဲ့ ၃၅ နှစ်အရွယ် စောအောင်ကျော်မိုးတို့ ထိခိုက်ဒဏ်ရာရပြီး နီးစပ်ရာမှာဆေးကုသနေရကာ နေအိမ် ၃ လုံးလည်းပျက်စီးခဲ့တယ်လို့ သိရပါတယ်။


အဆိုပါကျေးရွာမှာ ပဒဲကောနဲ့ မာပီဖိုးကျေးရွာတွေက စစ်လာရှောင်နေသူ ၂၀၀ ကျော်ခန့်ရှိကြီး လွန်ခဲ့တဲ့ ၃ နှစ်လောက်ကတည်းက လာရောက်နေထိုင်သူတွေဖြစ်ကာ ဗုံးကြဲခံရပြီးနောက် စစ်ရှောင်တွေကော ဘုရားကြီးရွာခံအများစုပါ အခြားကျေးရွာတွေကို ထပ်မံတိမ်းရှောင်ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့မေလ ၃၀ ရက်နေ့ကလည်း ကျောက်ကြီးမြို့နယ်ဘ ဝဲဒေါခိုကျေးရွာကို ခလရ ၂၆၄ တပ်က ပစ်ခတ်တဲ့လက်နက်ကြီးကျပြီး မိသားစုဝင် ၃ ဦးသေဆုံးခဲ့သေးတယ်လို့သိရပါတယ်။


