တောင်ငူမှာ အမျိုးသမီး ၁ ဦး လည်လှီးအသတ်ခံရ

0 0
0 0

တောင်ငူ၊ နိုဝင်ဘာ ၁၄၊ ၂၀၂၆။

ပဲခူးတိုင်း၊ တောင်ငူမြို့အထွက် ရန်ကုန်-မန္တလေး အမြန်လမ်း ၁၄၈ မိုင်၊ ၄ ဖာလုံရှိ တံတားအောက်မှာ အသက် ၂၀ အရွယ် အမျိုးသမီးငယ် ၁ ဦး လည်လှီးသတ်ဖြတ်ခံထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နိုဝင်ဘာ ၁၃ ရက်ညနေ ၅ နာရီခန့်မှာ အဆိုပါအမျိုးသမီး သတ်ဖြတ်ခံထားရတာကို တံတားအနီးနေသူတဦးကတွေ့ရှိပြီးနောက် ရဲနဲ့ အခြားတာဝန်ရှိသူတွေက လာရောက်စစ်ဆေးခဲ့ကြတာလို့ ဆိုပါတယ်။

“လောက်ကလည်း အသေးလေးတွေ စတက်နေပြီ။ အလောင်းကတော့ ဘေးစောင်းကွေးကွေးလေး။ လည်ပင်းက လှီးခံထားရတယ်။ တကိုယ်လုံးကဒဏ်ရာမရှိဘူး။ လည်ပင်းဒဏ်ရာက အကြီးကြီး။ “လို့ ဒေသခံတဦးက ပြောပါတယ်။

သေဆုံးသူဟာ ဘယ်သူဘယ်ဝါဆိုတာ နိုဝင်ဘာ ၁၄ ရက်အထိ မသိရသေးဘဲ အလောင်းကတော့ တောင်ငူပြည်သူ့ဆေးရုံ ရင်ခွဲရုံမှာ ထားရှိထားတယ်လို့ ဆိုပါတယ်။

အဆိုပါအမျိုးသမီးရဲ့ နှာခေါင်းမှာ အပေါက်ဖောက်တပ်ဆင်ထားတဲ့ ရွှေသီးတခု၊ ရွှေ လက်စွပ်တကွင်း၊ ရွှေဆွဲကြိုးတကုံး၊ နာရီတလုံးတွေ့ရတယ်လို့ သိရပါတယ်။

အဆိုပါ အမျိုးသမီးငယ်သတ်ဖြတ်ခံထားရတာ တရက်ခန့်ရှိနေနိုင်ပြီး အဓမ္မကျူးလွန်ထားတဲ့ လက္ခဏာမျိုးလည်းမရှိနေသလို လက်ဝတ်လက်စားတွေလည်းကျန်ရစ်တာကြောင့် ရန်ငြိုးကြောင့်သတ်ဖြတ်တာဖြစ်နိုင်တယ်လို့ အထက်ပါဒေသခံက ခန့်မှန်းပါတယ်။

သေဆုံးသူနဲ့ လူသတ်မှုကျူးလွန်သူတွေ ဘယ်သူဘယ်ဝါဆိုတာသိနိုင်ဖို့ ရဲကလိုက်လံစုံစမ်းနေပြီး နိုဝင်ဘာ၁၄ ရက်နေ့အထိတရားခံကိုမမိသေးဘူးလို့ သိရပါတယ်။

သတင်း-မောင်မှိုင်း

Leave a Comment

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။