လက်ပံတန်းက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

10 62
10 62

လက်ပံတန်း၊ မေ ၂၈၊ ၂၀၂၅။

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတဦးကို မေ ၂၇ ရက်မနက် ၁၁ နာရီကျော်မှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

အသတ်ခံရသူမှာ မြေစီးကျေးရွာအုပ်ချုပ်ရေးမှူး အသက် ၃၀ အရွယ် ချစ်လင်းဖြစ်ပြီး သူ့အိမ်မှာ တဦးတည်းရှိနေချိန်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“သူ့အိမ်ကမိသားစုက ပုန်းနေလား ထွက်ပြေးတာလားမသိဘူး။ တယောက်မှထွက်မလာဘူး။ အိမ်ဝင်ချိန်မှာတော့ သူကထွက်ပြေးဖို့ကြံတုန်း ၉ မမနဲ့ ၂ ချက်ပစ်ခတ်လိုက်တာ”လို့ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ သာယာဝတီခရိုင်ပကဖ၊ အမှတ် (၁) တိုက်ခိုက်ရေးတပ်ဖွဲ့မှ တာဝန်ခံကဆိုပါတယ်။

ကိုချစ်လင်းကို ပြီးခဲ့တဲ့ ၂၀၂၄၊ အောက်တိုဘာလမှာ စစ်ကောင်စီတပ်က မြေစီးကျေးရွာအုပ်စုရဲ့ အုပ်ချုပ်ရေးမှူးအဖြစ်ခန့်ခဲ့တာလို့ ဆိုပါတယ်။

အုပ်ချုပ်ရေးမှူးမဖြစ်ခင်ကတည်း စစ်ကောင်စီတပ်တွေပေါင်းကာ စစ်မှူထမ်းဥပဒေကိုအကြောင်းပြပြီး လူငယ်တွေကိုဖမ်းဆီးရာမှာ ကိုယ်တိုင်ပါဝင်နေသူဖြစ်တယ်လို့ လည်း သိရပါတယ်။

ပြီးခဲ့တဲ့မေ ၂၁ ရက်ကလည်း လက်ပံတန်းမြို့နယ်၊ သိုက်ဝါးချောင်းကျေးရွာနေ စစ်ကောင်စီတပ် သတင်းပေး ရာအိမ်မှူးအုန်းသန်းကို ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

10 comments

Sidney August 4, 2026 - 4:24 pm

I tried to grab it but got bonbon all over it.

Reply
Austyn August 5, 2026 - 9:48 pm

It only works when I’m Samoa.

Reply
Fred August 6, 2026 - 4:40 am

The box this comes in is 5 kilometer by 6 meter and weights 20 ounce!

Reply
Luz August 6, 2026 - 5:03 pm

My neighbor Lular has one of these. She works as a cake decorator and she says it looks ragged.

Reply
Elias August 7, 2026 - 12:43 am

My neighbor Eller has one of these. She works as a butler and she says it looks smoky.

Reply
Gillian August 17, 2026 - 3:34 pm

This product works really well. It wildly improves my baseball by a lot.

Reply
Stone August 17, 2026 - 3:40 pm

My gentoo penguin loves to play with it.

Reply
Carli August 17, 2026 - 4:33 pm

My neighbor Victoria has one of these. She works as a professor and she says it looks menthol.

Reply
Maggie September 9, 2026 - 8:40 pm

The box this comes in is 3 centimeter by 5 kilometer and weights 13 ounce!!

Reply
Omari September 13, 2026 - 12:46 pm

heard about this on instrumental country radio, decided to give it a try.

Reply

Leave a Comment

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။