မကျေပွဲမှာ ပက်ဝီချစ်ကို ထပ်အနိုင်ရခဲ့တဲ့ ဆွန်ရက် (အားကစားသတင်း)

0 9
0 9

မြေလတ်အသံ၊ ဇွန် ၆၊ ၂၀၂၅။

ဇွန် ၆ ရက် ဒီနေ့ညမှာ ကျင်းပတဲ့ ONE Friday Fights 111 ပြိုင်ပွဲမှာ မွန်ဖိုက်တာ ဆွန်ရက်က ထိုင်းဖိုက်တာ ပက်ဝီချစ်ကို အမှတ်အဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဆွန်ရက်နဲ့ ပက်ဝီချစ်ဟာ ၂၀၂၄ ဒီဇင်ဘာ ၁၃ ရက်မှာ ကျင်းပခဲ့တဲ့ ONE Friday Fights 91 မှာ ထိုးသတ်ခဲ့ဖူးပြီး အဆိုပါပွဲစဉ်တုန်းကလည်း အမှတ်အဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့ဖူးကာ ဒီနေ့ပွဲစဉ် မကျေပွဲမှာလည်း ထပ်ပြီးနိုင်ခဲ့တာဖြစ်ပါတယ်။

ဆွန်ရက်ဟာ ပြီးခဲ့တဲ့ ONE Friday Fights 104 မှာ ထိုင်းဖိုက်တာ ခွန်ပွန်နွိုင်းကို ရှုံးနိုင်ခဲ့သေးတာဖြစ်ပြီး ဒီနေ့ပွဲစဉ်မှာ နိုင်ပွဲပြန်လည်ရရှိခဲ့တာကြောင့် One Championship မှာ ၆ ပွဲထိုး ၅ ပွဲနိုင် ၁ ပွဲရှုံး ရလဒ် ရရှိထားပြီဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

by MLAT 26 views

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။