ပထမအချီ အလဲထိုးနိုင်ပွဲနဲ့အတူ ပြန်ပေါ်လာတဲ့ ပုညစိုင်း (အားကစားသတင်း)

0 3
0 3

မြေလတ်အသံ၊ ဇူလိုင် ၂၂၊ ၂၀၂၂၄။

One Championship ရဲ့ လူသစ်ရှာဖွေရေးပွဲစဉ်တွေဖြစ်တဲ့ One Warrior Series ပြိုင်ပွဲတွေမှာ အစွမ်းပြခဲ့ပြီးနောက် နှစ်အတန်ကြာပျောက်ကွယ်နေတဲ့ ပုညစိုင်းဟာ ဇူလိုင်လ ၂၁ ရက် တနင်္ဂနွေနေ့ည အင်ဒိုနီးရှားနိုင်ငံရဲ့ Canggu Fight Night 31 ပြိုင်ပွဲမှာ ပါဝင်ထိုးသတ်ခဲ့ပြီး ပြိုင်ဘက် Yadwinder Singh ကို ပထမအချီမှာတင် အလဲထိုးအနိုင်ရရှိခဲ့ကာ MMA လောကထဲကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ 

အခုပွဲစဉ်ဟာ မွန်လူငယ်ဖိုက်တာ ပုညစိုင်းအတွက် Canggu Fight Night ပြိုင်ပွဲမှာထိုးသတ်တဲ့ ဒုတိယမြောက်ပွဲစဉ်ဖြစ်ပြီး နှစ်ပွဲစလုံးကိုအိန္ဒိယဖိုက်တာတွေနဲ့ပဲ ယှဉ်ပြိုင်ထိုးသတ်ခဲ့ရကာ ပထမအချီတွေမှာပဲ အလဲထိုးနဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ 

Bantamweight (ဘန်တန်ဝိတ်)တန်းမှာထိုးသတ်နေတဲ့ ပုညစိုင်းရဲ့ MMA မှတ်တမ်းတွေအရ ၆ ပွဲထိုး ၆ ပွဲနိုင်ဖြစ်ပြီး ၅ ပွဲကို အလဲထိုးနဲ့အနိုင်ရထားကာ ပွဲသိမ်းတိုက်ကွက်တွေမှာ ချုပ်ကွက်၊ ခြေကန်ချက်၊ လက်သီးချက်တွေအသုံးပြုပြီး အနိုင်ရရှိထားတာပဲ ဖြစ်ပါတယ်။ 

One Warrior Series ပွဲစဉ်တွေမှာ တောက်ပခဲ့တဲ့ ပုညစိုင်းဟာ ကမ္ဘာကျော်အဖွဲ့အစည်းတွေဖြစ်တဲ့ UFC, Bellator, One Championship တို့နဲ့ လက်တွဲသွားနိုင်မလားဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ 

Photo – canggufightnightbali Instagram

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။