နေပြည်တော်က စစ်တပ်ထိပ်ပိုင်း အရာရှိတချို့နဲ့ ပတ်သက်တဲ့ Excellent Unplugged Bar မီးလောင်မှု ၂ ဦးသေ ၁၀ ဦးကျော်ဒဏ်ရာရ

0 0
0 0

နေပြည်တော်၊ အောက်တိုဘာ ၂၆၊ ၂၀၂၆။

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ ဧရာဝတီလမ်းရှိ Excellent Unplugged Bar မီးလောင်မှု ၂ ဦးသေဆုံးထားပြီး ၁၀ ဦးကျော်ဒဏ်ရာရတယ်လို့ ဖြစ်စဥ်ကို သိထားသူတွေဆီက သိရပါတယ်။

အောက်တိုဘာလ ၂၅ ရက်နေ့ ညနေ ၃ နာရီခန့်မှာ အဆိုပါ Bar အတွင်းက စတိတ်စင်ကို ဝရိန်ဆော်ရာကနေ မီးလောင်မှုစတင်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

မီးလောင်မှုကြောင့် အသက် ၂၀ ကျော်အရွယ် ဆိုင်ဝန်ထမ်း လူငယ် ၂ ဦးနေရာမှာပင်သေဆုံးသွားပြီး Bar ကိုလာသူတွေနဲ့ ဆိုင်ဝန်ထမ်းတွေအပါအဝင် ၁၀ ဦးခန့် ဒဏ်ရာရခဲ့ပါတယ်။

“ဝရိန်ဆော်တော့ မီးပွားတွေကျပြီး မီးလောင်တာ။ အိမ်ပျော်နေတဲ့ ဆိုင်ဝန်ထမ်းကောင်လေး ၂ ယောက်ကတော့ နေရာမှာတင် သေဆုံးတယ်။ အခြားသူတွေက အသက်ရှူကြပ်တာကော မီးခိုးမွှန်ပြီး မူးမေ့လဲကျတာတွေကောများတယ်”လို့ ဖြစ်စဥ်ကိုသိထားတဲ့ ဒေသခံတဦးက ပြောပါတယ်။

အဆိုပါ Bar ဟာ စစ်တပ်ထိပ်ပိုင်း တာဝန်ရှိသူအချို့နဲ့ ပတ်သက်တဲ့ Bar ဖြစ်ပြီး ပိုင်ရှင်အမည်ကို ထုတ်ဖော်ပြောပြဖို့တော့ အထက်ပါ သတင်းရင်းမြစ်က ငြင်းဆိုပါတယ်။

မီးလောင်မှုကြောင့် ထိခိုက်သေဆုံးသူတွေကို မြို့နယ်မီးသတ်နဲ့ မြို့ခံပရဟိတအဖွဲ့တွေက ကူညီပြီး နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။

မီးလောင်တဲ့နေရာကို ဇမ္မူသီရိမြို့နယ် မီးသတ်တပ်ဖွဲ့တွေအပါအဝင် လူမှုကူညီရေးအသင်းတွေက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ မီးလောင်ပြီး တနာရီကျော်ကြာမှ မီးငြှိမ်းနိုင်ခဲ့သလို မီးလောင်မှုကြောင့် Bar ဆိုင် ထက်ဝက်နီးပါး ပျက်စီးသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၃ ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ စမ်းချောင်း မြို့နယ်၊ ရှင်စောပုရပ်ကွက်၊ စမ်းချောင်းလမ်း၊ အမှတ်(စ/၁၆) ရှိ Bar 4 U စားသောက်ဆိုင်မှာ မီးလောင်မှု ဖြစ်ခဲ့ပြီး ဝန်ထမ်းအမျိုးသား ၂ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။