ကလေးက ရွှေဆိုင်တဆိုင်မှာ သေနတ်ကိုင်ဆောင်ထားသူတဦးက ရွှေပစ္စည်းအချို့ လုပြေး

0 1
0 1

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၈၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ညောင်ပင်သာရပ်ကွက်မှာရှိတဲ့ ကလျာဏရွှေပန်းထိမ်ဆိုင်က ရွှေပစ္စည်းအချို့ကို သေနတ်ကိုင်ဆောင်ထားတဲ့ အမျိုးသားတဦးက ဖေဖော်ဝါရီလ ၈ ရက် ဒီမနက် ၁၁ နာရီလောက်မှာ လုယူထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အမျိုးသားမှာ အသက် ၃၀ ဝန်းကျင်ရှိပြီး၊ သူဟာ ဆိုင်ထဲဝင်လာကာ ရွှေဝယ်ယူမယ်လို့ ပြောဆိုပြီးနောက် ပြပေးတဲ့ရွှေထည်ပစ္စည်းတွေကို လုပြေးသွားတာလို့ မျက်မြင်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ကလေးမြို့ မြို့ပြစီမံချက် UG တပ်ရင်း ဦးဆောင်သူ ကိုရန်မင်းနိုင်က ပြောပါတယ်။

“သူက ထွက်ပြေးတဲ့အခါ အနီးအနားပြည်သူတွေက လိုက်ဖမ်းကြတော့ လွယ်ထားတဲ့အိတ်ကနေ သေနတ်ကို ထုတ်ပြတော့ ဆက်မလိုက် ကြတော့ဘူး။ ဒါပေမဲ့ သူထွက်ပြေးတဲ့အချိန်မှာ ယူသွားတဲ့ရွှေပစ္စည်း ကျကျန်ခဲ့တယ်။ ပြီးတော့ အိတ်ထဲကကျည်ဆံတထောင့်ပါ ကျကျန်ခဲ့တယ်။ ဓားပြက ဘာမှမရလိုက်ဘဲ ရဲစခန်းဘက်ကို ထွက်ပြေးသွားတယ်” လို့ ဆိုပါတယ်။

အဆိုပါအမျိုးသား ဆိုင်ကိုလာချိန်က စီးလာတဲ့ 125 အမျိုးအစား ဆိုင်ကယ်လည်း ဆိုင်ရှေ့မှာ ကျန်ခဲ့ပြီး၊ ဆိုင်ကယ်နဲ့ ကျကျန်ခဲ့တဲ့ ကျည်ဆံတထောင့်တို့ကို မြို့မရဲစခန်းက ရဲတပ်သားတွေ လာရောက်သိမ်းယူသွားခဲ့တယ်လို့ ကိုရန်မင်းနိုင်က ဆက်ပြောပါတယ်။

“ကလျာဏဆိုင်ကနေ အရှေ့ဘက်ကိုသွားရင် ပြည်သူနေအိမ်တွေနဲ့ ရဲစခန်း၊ ခရိုင်စုပေါင်းရုံး၊ ဒလန်၊ ပျူပေါတဲ့ ဘဲအင်းရပ်ကွက်၊ ပျူစောထီးရွာ တောင်အူပြင်သာရွာဘက်ကို ဓားပြက ထွက်ပြေးသွားတာ” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇူလိုင်လမှာလည်း ကလေးမြို့၊ အောင်သစ္စာရပ်ကွက်၊ နယ်မြေ ၃ မှာ သား အမိနှစ်ဦးတည်းနေတဲ့အိမ်ကို မျက်နှာဖုံးနဲ့ သေနတ်ကိုင်ဆောင်ထားတဲ့ အမျိုးသား ၆ ဦးက ဓားပြတိုက်ပြီး ရွှေ ၅ ကျပ်သားနဲ့ ပိုက်ဆံ သိန်းငါးဆယ်ကို ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။