တနှစ်အတွင်း စစ်ကောင်စီ ၅၇ ဦးပစ်သတ်နိုင်ခဲ့တဲ့ စနိုက်ပါရဲဘော်နွေဦးကို ဘတ် ၅ သိန်းတန်စနိုက်ပါ ချီးမြှင့်

0 4
0 4

ပဲခူး၊ ဇန်နဝါရီ ၂၄၊ ၂၀၂၃။

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထဲက စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၇ ဦးကိုပစ်သတ်နိုင်ခဲ့တဲ့ ရဲဘော်နွေဦး(ခေါ်) ဖိုးလုံးကို အမျိုးသားညီညွတ်ရေးအစိုးရ က ဘတ် ၅ သိန်းတန် စနိုက်ပါ ruger 338 တလက်ဆုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

ဆုလက်ခံယူမှုအစီစဉ်ကို ယနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့ မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဦးလွင်ကိုလတ်ကိုယ်စား တောင်ပိုင်းတိုင်းစစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊ ၃၅၀၂ တပ်ရင်းမှူးက ပေးအပ်ခဲ့တယ်လို့ တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

“နွေဦးကလေ့ကျင့်မှုကောင်းတယ်။ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေကြားမှာ လက်စွမ်းပြသနိုင်တယ်။ သူကိုမှီတဲ့သူမရှိဘူး။ တနှစ်မှာတောင် လေ့ကျင့်ချိန်နေတဲ့အချိန်တွေပါသေးတယ်။ အရင်ကလည်း KNU ကလည်း စနိုက်ပါအသေးတလက် ဆုချီးမြှင့်သေးတယ်” လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊ ၃၅၀၂ တပ်ခွဲ ၁ ကတာဝန်ရှိသူတဦးကပြောပါတယ်။

ရဲဘော်နွေဦးဟာ ၂၀၂၂ ခုနှစ် ၂ လပိုင်းကစတင်ကာ ၂၀၂၃ ခုနှစ် ၁ လပိုင်းအထိ စစ်ကောင်စီမှ ဗိုလ်ကြီးအဆင့်ရှိသူနှင့် တပ်ခွဲမှူး ရဲဘော်များ စုစုပေါင်း ၅၇ ဦးကို ပစ်ခတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။