27 July 2026 6:01 AM

မန္တလေးမှာ ရပ်ကွက်ရုံးအတွင်း ဗုံးပေါက်ကွဲပြီး စစ်သား ၃ ဦးသေဆုံး

0 5
0 5

မန္တလေး၊ ဒီဇင်ဘာ ၂၄၊ ၂၀၂၂။

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ 62 x 117 လမ်းရှိ (ဃ)ရပ်ကွက်ရုံးအတွင်းဗုံးပေါက်ကွဲပြီး အဲ့ဒီရုံးမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေထဲက ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၂၃ ရက်မနေ့ည ၈ နာရီ ၄၅ မိနစ်လောက်မှာ အဲ့ဒီရုံးအတွင်းကို ဒေသခံကာကွယ်ရေးတပ်တွေက ဗုံးပစ်သွင်းတိုက်ခိုက်ခဲ့ပေမယ့် ချက်ချင်းပေါက်ကွဲမှုမရှိပဲ အဲ့ဒီဗုံးကို စစ်ကောင်စီတပ်သားတွေစစ်ဆေးနေချိန်ကျမှ ပေါက်ကွဲခဲ့တာလို့ Anonymous Force MDY တာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

“ဗုံးက error ဖြစ်ပြီး မပေါက်ကွဲဘူး။ ၉ နာရီလောက်မှာ စစ်သားတွေစစ်ဆေးနေချိန်မှာ ထပေါက်သွားတာ။ စစ်သား ၃ ကောင်သေတယ်။ ဘယ်စစ်တပ်ကလဲတော့အသေးစိတ်မသိရဘူး” လို့ ပြောပါတယ်။

အဲ့ဒီရုံးအတွင်းမှာ စစ်သား ၁၅ ဦး တပ်စွဲနေထိုင်နေတာဖြစ်ပြီး၊ တပ်တွင်းသတင်းပေးတွေရဲ့ ပြောပြချက်အရ ဒီပေါက်ကွဲမှုကြောင့် စစ်သား ၃ ဦး သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို Anonymous Force MDY နဲ့ Brother Defense Force တို့ လုပ်ဆောင်ခဲ့တာဖြစ်ပြီး၊ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၄ ရက်ကလည်း ပြည်ကြီးတံခွန်မြို့နယ်ရှိ အဆင်မြင့်ရဲစခန်းဂိတ်ပေါက်ဝမှာ စောင့်နေတဲ့ ရဲတွေကို Anonymous Force MDY လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။