စစ်ကောင်စီရဲ့အကြမ်းဖက်လုပ်ရပ်များကို ပြတ်ပြတ်သားသားတုန့်ပြန်တက်လှမ်းရမည့်အချိန်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ထုတ်ပြန်

0 15
0 15

မြေလတ်အသံ၊ အောက်တိုဘာ ၂၄၊ ၂၀၂၂။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ မီးစတဖက်ရေမှုတ်တဖက် လှည့်ကွက်များအကြားသွေးအေးမနေဘဲ အထူးသတိထားရမည့်အချိန်ဖြစ်သလို စည်းလုံးညီညွတ်စွာနဲ့ လုပ်သင့်လုပ်ထိုက်သည့်အလုပ်များကို ပြတ်ပြတ်သားသားတက်လှမ်းလုပ်ဆောင်ရမည့် အချိန်ကာလ ဖြစ်တယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

ယမန်နေ့ အောက်တိုဘာလ ၂၃ ရက်နေ့ ည(၈) နာရီ ၄၀ မိနစ် အချိန်က ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အနန့်ပါ မှာ KIO နေ့ အထိမ်းအမှတ်ပြုလုပ်နေရာသို့ စစ်ကောင်စီရဲ့ ဂျက်တိုက်လေယာဉ်များက လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် KIO/KIA စစ်ဖက်၊ အရပ်ဖက်ဝန်ထမ်းအချို့နဲ့ အနုပညာရှင်များ စီးပွားရေးလုပ်ငန်းရှင်များနဲ့ အရပ်သားပြည်သူ အများအပြားသေဆုံးခဲ့ရမှုအပေါ် အခုလို ဝမ်းနည်းကြောင်း သဝဏ်လွှာကို ယနေ့ အောက်တိုဘာလ ၂၄ ရက်နေ့ ညနေပိုင်းမှာ ထုတ်ပြန် ပြောဆိုလိုက်တာဖြစ်ပါတယ်။

ဒါအပြင်စစ်ကောင်စီရဲ့ တရက်ထက်တရက်ပိုမိုဆိုးဝါးလာနေတဲ့ လုပ်ရပ်ကို မြန်မာပြည်သူလတရပ်လုံးက အထူးသတိထားစောင့်ကြည့်ရန် လိုသလို နိုင်ငံတကာကလည်း အထူးသတိထားစောင့်ကြည့်ပြီး အရေးယူဆောင်ရွက်သင့်တယ်လို့ ဆိုပါတယ်။

ဖားကန့်ဖြစ်စဉ်နဲ့ပတ်သက်ပြီး ညီနောင်မဟာမတ်(၃) ဖွဲ့အနေနဲ့ များစွာဝမ်းနည်းကြေကွဲရပြီး စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုတွေကို ထိုက်သင့်တဲ့ပြစ်ဒဏ်ပေးရေးနဲ့ ကျူးလွန်ခံရသူများ တရားမျှတမှုကိုရရှိရေး မျှော်လင့်ကြောင်း ထုတ်ပြန်ကြေညာသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့မှာ MNTJP/MNDAA၊ PSLF/TNLA ၊ ULA/AA တို့ ပူးပေါင်းထားတဲ့ မဟာမိတ်အဖွဲ့ဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။