ပြည်ထောင်တွင်း ဖမ်းခံထားရသည့် NLD စည်းရုံးရေးမှူးနှင့် အခြား တဦးကို ၅၀၅(က) ဖြင့် ထောင်ဒဏ် ၂ နှစ်စီချ

0 1
0 1

ပဲခူး၊ သြဂုတ် ၂၅၊ ၂၀၂၂။

ပဲခူးတိုင်းဒေသကြီး(အနာက်ပိုင်း)၊ ပြည်အကျဉ်းထောင်ထဲမှာ ဖမ်းဆီးခံထားရသည့် NLD စည်းရုံးရေးမှူးနှင့် အခြား တဦးကို ၅၀၅(က) ဖြင့် ထောင်ဒဏ် ၂ နှစ်စီချ မှတ်လိုက်ကြောင်းသိရသည်။

အဆိုပါ နှစ်ဦးကို ဩဂုတ်လ ၂၄ ရက်နေ့က ပြည်အကျဉ်းထောင် အထူးတရားရုံးက အမိန့်ချမှတ်လိုက်ခြင်းဖြစ်ပြီး ဖမ်းဆီးထားသည်မှာ ၈ လခန့်ကြာမြင့်ပြီးမှ ယင်းသို့ အမိန့်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ပြည်မြို့ကပဲ ဦးတင်ဝင်းက NLD စည်းရုံးရေးမှူး မြတ်ဝသာန်ကိုက ပို့စ်တင် ရှယ်တာကို ဖမ်းဆီးထားတာ ဖမ်းထားတာတော့ ရှစ်လကျော်နေပြီ အမိန့်ချတာတော့ အခုမှချဖြစ်တယ်” ဟု အကျဉ်းထောင်ဖြင့် နီးစပ်သူတဦးကပြောသည်။

အမိန့်ချမှတ်ရာတွင် ချုပ်ရက်များကို ထုတ်နုတ်ခံစားခွင့် ပြုထားကြောင်း သိရသည်။ အလားတူ အချိန်ကြာမြင့်စွာဖြင့် ဖမ်းဆီးခံထားရသူများကို အမိန့်ချမှတ်ခြင်း ရုံးထုတ်စစ်ဆေးခြင်းများ မရှိဘဲ ဖမ်းဆီးထားသူ များစွာရှိနေသေးကြောင်း သိရသည်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။