စစ်ကောင်စီက AA စခန်းကို တိုက်ဖို့ လာခဲ့ပေမယ့် ကြားဖြတ်ပြန်တိုက်ခံရလို့ သေဆုံးသူများနိုင်

0 1
0 1

မြေလတ်အသံ၊ သြဂုတ် ၂၅၊ ၂၀၂၂။

ရခိုင်ပြည်နယ်၊တောင်ကုတ်မြို့နယ်၊ ချောင်းသုံးခွ နှင့် ကြိမ်တောချောင်းကျေးရွာအကြားတွင် ယနေ့ ဩဂုတ်၂၅ရက် ညနေ ၄နာရီကျော်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ယင်းတိုက်ပွဲမှာ စစ်ကောင်စီက AA၏ ယာယီတပ်စခန်းချထားသည့်နေရာကို ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်သော် လည်း AAဖက်မှ သတင်းရမြန်ဆန်ခဲ့သဖြင့် တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ ထိခိုက်သေဆုံးအများအပြားရှိခဲ့သည်ဟု တောင်ကုတ်မြို့မှ AAနှင့်နီးစပ်သူတဦးက ပြောသည်။

“စစ်ကောင်စီက စခန်းကိုတိုက်ဖို့လာတဲ့အချိန်မှာ AAက သတင်းရလို့ကြားဖြတ်တိုက်တာ။ AAဖက် ကတချို့ ထိခိုက်ဒဏ်ရာရခဲ့လို့သိရတယ်။ စစ်ကောင်စီဖက်ကတော့ သေသူတွေ၊ဒဏ်ရာရသူ တွေ များတယ်လို့သိရတယ်။ အတိအကျအရေ အတွက်ကတော့မသိရသေးဘူး။ တိုက်ပွဲကတော့ မိနစ်၃၀လောက်ကြာခဲ့ပါတယ်။”ဟုဆိုသည်။

လက်ရှိရခိုင်ပြည်နယ်၊ မောင်တော၊ရသေ့တောင်နှင့် ချင်းပြည်နယ်၊ပလက်ဝမြို့နယ်တို့တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ နေ့စဉ်ရက်ဆက်ဆိုသလို တိုက်ပွဲများပြင်းထန်ဖြစ်နေကြသည်။ တိုက်ပွဲများအတွင်၌ စစ်ကောင်စီဖက်မှ လေယာဉ်အသုံးပြုတိုက်ခိုက်နေသည်ကိုလည်း တွေ့မြင်နေရသည်ဟု ဒေသခံများကဆိုသည်။

Related Post

by MLAT 11 views

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။