13 July 2026 10:22 AM

ဆောမှာ နေအိမ်ထဲဝင်ပစ်လို့ ၁၃ နှစ်အရွယ်ကလေး ၁ ဦးနဲ့ မိသားစုဝင် ၄ ဦးအပါအဝင် ဧည့်သည် ၁ ဦးသေဆုံး

0 2
0 2

မကွေး၊ သြဂုတ် ၂၂၊ ၂၀၂၂။

မကွေးတိုင်း၊ ဆောမြို့၊ အထက ၁ အနီးက နေအိမ်လုံးမှာ သြဂုတ်လ ၂၁ ရက်မနေ့ည ၈ နာရီခန့်က အသက် ၁၃ နှစ်အရွယ်မိန်းကလေး ၁ ဦးအပါအဝင် ဒေသခံ ၆ ဦး သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပစ်ခတ်သတ်ဖြတ်ခံရတဲ့နေအိမ်ဟာ ဦးခင်မောင်လင်းဆိုသူရဲ့နေအိမ်ဖြစ်ပြီး အမည်မသိလက်နက်ကိုင်လူတစုက ဝင်ရောက်ပစ်ခတ်ခဲ့လို့ ၎င်းအပါအဝင် နေအိမ်အတွင်းမှာရှိတဲ့ သူရဲ့မိသားစုဝင်တွေထဲက ဇနီးဖြစ်သူ ဒေါ်ယဥ်ငွေ၊ ချွေးမဖြစ်သူ ဒေါ်ခင်မာသက်၊ အသက် ၁၃ နှစ်အရွယ် မြေးဖြစ်သူ မသက်အေးငြိမ်း၊ ညီဖြစ်သူ ဦးဇော်ဌေးတို့နဲ့ TV လာကြည့်တဲ့ ဧည်သည့်တွေဖြစ်တဲ့ ဦးအောင်သိန်းဝင်းတို့ ၆ ဦးသေဆုံးခဲ့ပြီး တခြားဒေသခံ ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတဦးကပြောပါတယ်။

“ည ၈ နာရီလောက်ကြီး ဝင်ပစ်သွားတာ။ သေသွားတာက ဦးခင်မောင်လင်းရယ်၊ သူ့မိန်းမ၊ သူ့ညီ၊ သူ့ချွေးမ၊ သူ့မြေးမလေးရယ် ကလေးမလေးက ၁၃ နှစ်ဘဲရှိသေးတယ်။ နောက်တယောက်က သူတို့အိမ်ကို TV လာကြည့်တဲ့တယောက်။ အားလုံး ၆ ယောက်သေတယ် ဘေးအိမ်အနီးအနားက ၂ ယောက်ဒဏ် ရာရတယ်” ဆောမြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ဦးခင်မောင်လင်းဟာ အုတ်သဲကျောက်ရောင်းဝယ်ရေးလုပ်ကိုင်သူဖြစ်ပြီး စစ်တပ်သတင်းပေး ၁ ဦးလို့စွပ်စွဲကာ မိသားစုလိုက်ပစ်ခတ်သွားခြင်းဖြစ်တယ်လို့ ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

“အခုကအခြေအနေတွေကရှုပ်ထွေးနေတယ်။ အဲ့ဒီဖြစ်စဥ်ကို စုံစမ်းနေတုန်းဘဲ ရှိသေးတယ်။ မျက်မြင်တွေ့သူတွေပြောကြားချက်အရ ဆော PDF အဖွဲ့တခုဖြစ်တယ်လို့ သိရတယ်။ ဒီကျနော်တို့တပ်ဖွဲ့ဝင်တွေကို ဒလန်ရှင်းမယ်ဆိုရင်တောင် ဒလန်လို့ကျော်ဇောနေရင်တောင် ဘယ်အရာတွေလုပ်ဆောင်လို့ ဒလန်လို့သတ်မှတ်တာလဲဆိုတာတွေ အသေးစိတ်စုံစမ်းပြီးမှ ရှင်းလင်းတာတွေလုပ်ဆောင်ဖို့ မှာကြားထားပြီးသားဖြစ်တယ်။ အခုက သူကဒလန်လည်းမဟုတ်ဘူး။ နောက်ပြီးတော့မိသားစုဝင် ခလေးတွေပါအကုန်သတ်သွားပြီး ပစ္စည်းယူသွားတာ” လို့ ဆောမြို့နယ်ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့တာဝန်ခံက ပြောပါတယ်။

ဒါ့အပြင် လာရောက်ပစ်ခတ်သွားသူတွေဟာ ကား ၂ စီး၊ ရွှေထည်၊ ငွေသားနဲ့ အခြားအဖိုးတန်ပစ္စည်းတွေကိုလည်း ယူဆောင်ထွက်ပြေးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ YDF(Saw) အဖွဲ့ဝင်တွေက ဒလန်အကြောင်းပြပစ်ခတ်သတ်ဖြတ်ခဲ့တာဖြစ်ပြီး၊ ဒီလုပ်ဆောင်မှုကိုရှုတ်ချတယ်လို့ ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ လောင်းရှည်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-LSRPDF၊ ဆောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF Saw)၊ The Youth Force (Saw&Kyaukhtu)၊ ကျောက်ထုဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KTU Region)နဲ့ ကိုရီးယားရောက်ယောသူ၊ ယောသားများအဖွဲ့စတဲ့ ဒေသတွင်း PDF တွေနဲ့ တော်လှန်ရေးအင်အားစုတွေဘက်က ထုတ်ပြန်ထားပါတယ်။

ဒေသတွင်း PDF တွေရဲ့ YDF(Saw)အပေါ် ပူးပေါင်းထုတ်ပြန်ချက်နဲ့ပတ်သက်လို့ မြေလတ်အသံအနေနဲ့ YDF(Saw) အဖွဲ့ထံ အဆက်မပြတ်ဆက်သွယ်ခဲ့ပေမယ့် ဒီညနေပိုင်းအထိ ဆက်သွယ်လို့မရခဲ့ပါဘူး။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။