myaelatt athan

Sharing Information to the Local

ပခန်းငယ်ရဲစခန်းကို ဒုတိယအကြိမ် ဝင်စီးခံရလို့ စစ်ကောင်စီဘက်က ၁၄ဦးနီးပါး သေဆုံးနိုင်

0
0

မကွေး၊ ဧပြီ ၂၉၊ ၂၀၂၂။

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ပခန်းငယ်ရဲစခန်းမှာ အခိုင်အမာ ပြန်ပြီးတပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့ကို PDF ၉ဖွဲ့က ဧပြီ ၂၈ရက် နေလယ် ၁၁နာရီမှာ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့လို့ ပျူစောထီး ရဲနဲ့ စစ်သား ၁၄ဦးနီးပါး သေဆုံးခဲ့တယ်လို့ Phoenix အထူးပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာလကလည်း စခန်းသိမ်းတိုက်ခိုက်မှုကြောင့် လက်နက်တွေသိမ်းဆည်းရမိတဲ့ စခန်းတခုဖြစ်ပေမယ့် ထပ်ပြီး စစ်ကောင်စီက ခစန်းပြန်ချထားတာဖြစ်တယ်လို့ Phoenix အထူးပြောက်ကျားတပ်ဖွဲ့တာဝန်ခံက ပြောပါတယ်။

” အဲဒီစခန်းကိုကျနော်တို့မဟာမိတ်တွေပူးပေါင်းပြီးတော့ ထိုးစစ်ဆင်ပြီးတိုက်ခဲ့တယ်၊ သူတို့ရဲ့ ပတ်ပတ်လည်တပ်ကူလာမဲ့လမ်းကြောင်းတွေ ဖြတ်တောက်ရေးကိုပြင်ဆင်ထားတယ်၊ ဒါပေမဲ့ သူတို့အင်အားများများနဲ့ လမ်းကြောင်း ၂ ကြောင်းကနေတပ်ကူရောက်လာတယ်၊ ကျနော်တို့ကစခန်းသိမ်းနိုင်မဲ့အနေအထား စခန်းကျလုကျခင်အနေအထားမှာ သူတို့တပ်ကူတွေရောက်လာလို့ပြန်ဆုတ်ခဲ့ရတယ်” လို့ ပြောပါတယ်။

တိုက်ပွဲကြာချိန် ၄၅မိနစ်နီးပါး ဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၀နီးပါး ကျဆုံးတာကို မြင်ခဲ့ရပြီးနောက်ထပ် တပ်ကူလာတဲ့ အဖွဲ့က ၄ယောက်လောက်ထပ်ကျကာ ၃ဦး ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။

” တပ်ကူလာတဲ့ပျူထဲက ၄ ကောင်သေချာပေါက်ကျပြီး ၃ ကောင်ထိခိုက်မှုရှိတယ်လို့သိရတယ်ဗျ၊ သူတို့စခန်းကအခိုင်အမာလုပ်ထားတော့ ကျနော်တို့ဘက်က RPG ၂ လုံး နဲ့ ၄၀ မမ လောင်ချာ ၇ လုံးပစ်ခတ်ခဲ့ပြီး လက်နက်ငယ်တွေနဲ့ပစ်ခတ်ခဲ့တယ် ” လို့ Phoenix အထူးပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက ပြောပါတယ်။

တော်လှန်ရေး အရှိန်အဟုန်မြင့်လာတော့မှာဖြစ်သလို စစ်ကောင်စီနဲ့ ပက်သတ်တဲ့ နေရာတွေ ပျုစောထီးတွေ၊ ရဲနဲ့ စစ်သားတွေရဲ့ ဝေးရာမှာနေကြဖို့ကိုလည်း ပြောဆိုထားပါတယ်။

Phoenix အထူးပြောက်ကျားတပ်ဖွဲ့၊ 27 Revolution Force၊ မြင်းခြံခရိုင် တပ်ရင်းအမှတ် ( ၃ )၊ MSPDF၊ 11 Brothers Revolution Force၊ မြောင်မြို့နယ်ကျေးရွာတပ်ပေါင်းစု၊ သိန်းငှက်ပြောက်ကျားတပ်ဖွဲ့၊ Thwaythauk Revolution Force၊ ဒေါင်းညီနောင်အဖွဲ့ တွေက ပခန်းငယ် ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။