ပုလဲမြို့နယ်မှာ စစ်ကောင်စီပါဝင်တဲ့ ပျူစောထီးပူးပေါင်းအဖွဲ့နဲ့ PDF တွေ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က အနည်းဆုံး ၆ဦး သေဆုံး

0 2
0 2

စစ်ကိုင်း၊ မတ် ၁၉၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က ရွာတခုမှာ တပ်စွဲထားတဲ့ စစ်ကောင်စီအပါအဝင် ပျူစောထီး အဖွဲ့ဝင် ၇၀နီးပါးကို PRA နဲ့ မဟာမိတ် စုစုပေါင်း ၆ဖွဲ့တို့က မတ်လ ၁၈ရက် က ဝင်တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုဘက်က အနည်းဆုံး ၆ဦးသေဆုံးခဲ့တယ်လို့ ဗိုလ်ဂျပန်ဆီက သိရပါတယ်။

မတ်လ ၁၈ရက် ညနေ ၅နာရီကျော်က အင်မထီး‌ကျေးရွာမှာ စတင်တိုက်ပွဲဖြစ်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုတွေနဲ့ တိုက်ပွဲကြာချိန် ၅နာရီနီးပါးကြာမြင့်ခဲ့ပြီး ည ၁၀ နာရီဝန်းကျင်မှာ တိုက်ပွဲပြီးသွားတယ်လို့ PRA ခေါင်းဆောင် ဗိုလ်ဂျပန်က ပြောပါတယ်။

“သူတို့အဲဒီမှာ တပ်စွဲထားတာက စစ်ခွေးအင်အား ၂၀ နဲ့ ပျူစောထီးက ၄၀ ကျော်နဲ့ဆိုရင် ၆၀ ဝန်းကျင်လောက်ရှိမယ်၊ ပျူစောထီးတွေကိုပါ လက်နက်တပ်ဆင်ပေးထားတယ်၊ ပျူစောထီးအဖွဲ့မှာ ယောကျ်ားလေးတွေရော မိန်းကလေးတွေပါ ပါတယ်” လို့ ဗိုလ်ဂျပန်က ပြောပါတယ်။

အဲ့ဒီနေ့ ညမှာပဲ စစ်ကောင်စီဘက်က ၆‌ဦးသေဆုံးတယ်လို့ အတည်ပြုနိုင်ခဲ့ပြီး ဒီနေ့မနက်မှာ ၂ဦး ထပ်ပြီးသေဆုံးတယ်လို့ သိရပြီး ပျုစောထီးနဲ့ စစ်ကောင်စီတပ်သား ၈ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပုလဲမြို့နယ် အင်မထီးကျေးရွာမှာ တပ်စွဲထားတဲ့ ပျူစောထီးနဲ့ စစ်အုပ်စုတွေကို တိုက်ခိုက်ခဲ့တဲ့ မနေ့က တိုက်ပွဲမှာ PRA အပြင် Myaing Villages Revolution Front ( MVRF )၊ ဖီးနက် ပြောက်ကျားတပ်ဖွဲ့၊ ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့၊ PPDG ၊ ဒေါင်းနက်နယ်စည်းမခြားပြောက်ကျားတပ်ဖွဲ့ တွေက စုစုပေါင်း အင်အား ၂၀၀ ကျော်နဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။