“ဆိတ်သုဥ်းသွားသည့် အိုးထိမ်းတွင်းရွာက စာအံသံများ” (Photo news)

0 7
0 7

မြေလတ်အသံ၊ မေ ၁၄၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းတွင်းရွာစာသင်ကျောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၄ ဦးရှိလာသည်ဟု မေ ၁၄ ရက်အထိဒေသခံများကောက်ယူထားသည့်စာရင်းအရ သိရသည်။

သေဆုံးသူများသင်္ဂြိုဟ်ထားပြီး ဒဏ်ရာရသူ ၁၀၀ ကျော်ကိုလည်း သက်ဆိုင်ရာနေရာများတွင် ဆေးကုသမှုများပေး‌နေသနေ။

ယခင် စာသင်သံ စာအံသံများနှင့်ပျံ့လွင့်နေတတ်သည့် အိုးထိမ်းတွင်းရွာ စာသင်ကျောင်းဝန်းအတွင်း ယခုအခါ တိတ်ဆိတ်ငြိမ်သက်မှုများကသာ နေရာယူထားလျှက်ရှိသည်။

ခြောက်သွေ့နေသည့် သွေးကွက်၊ ဗုံးစမှန်ဖောက်ထွက်နေသည့် နံရံများ၊ ခေါင်းမိုးမဲ့ပျက်စီးနေသည့် ကျောင်းဆောင်တချို့၊ ဟိုတစ ဒီတစ ပြန့်ကျဲနေသည့် ပိုင်ရှင်မဲ့ဖိနပ်များက အိုးထိမ်းတွင်းရွာတွင် ဖြစ်ခဲ့သည့် ဖြစ်ရပ်ဆိုးကို ညွှန်ပြနေသည်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။