စစ်ကောင်စီဂိတ်စခန်းကို ဝင်တိုက်ချိန် သေနတ် ၁ လက်သိမ်းဆည်းရ

0 14
0 14

ပခုက္ကူ၊ ဧပြီ ၈၊ ၂၀၂၅။

မကွေးတိုင်း၊ ပခုက္ကူမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဆက်ကြေးကောက်တဲ့နေရာကိုဝင်စီးချိန် သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ Burma Revolution Rangers တပ်ဖွဲ့ ဆီက သိရပါတယ်။

ဧပြီ ၆ ရက် နေ့လယ် ၁၀ နာရီခွဲလောက်မှာ Burma Revolution Rangers တပ်ဖွဲ့ဝင် ၂ ဦးက အဆိုပါစခန်းကို ပစ်ခတ်ဖို့သွားချိန် စခန်းတွင်းဘယ်သူမှမရှိတော့ဘဲ MA 1 သေနက် ၁ လက် သိမ်းဆည်းရခဲ့တယ်လို့ Burma Revolution Rangers တပ်ဖွဲ့ဝင် ဒီမိုက ပြောပါတယ်။

“သူတို့အထိုင်ချနေတဲ့ နေရာကိုပတ်ရှာတော့လည်း မရှိဘူး၊ နောက်ထပ်ဘန်ကာဝင်ရှာတော့ အဲ့ဒီအထဲကနေမှ MA 1 သေနတ် ၁ လက်က ကျည်ဘောက်မပါဘူး၊ ထောင်ထားတာတွေ့တာနဲ့ ယူပြီးပြန်ဆုတ်လာတာ”လို့ တပ်ဖွဲ့ဝင် ဒီမိုက ဆက်ပြောပါတယ်။

အဲ့ဒီစခန်းဟာ ပခုက္ကူမြို့ တပ်မ ၁၀၁၊ ခလရ ၂၅၃ တို့ရဲ့အနောက်ဘက်မှာတည်ရှိပြီး ပုံမှန်အားဖြင့် အင်အား ၂၀ ဝန်းကျင်လောက်ရှိပေမယ့် တိုက်ခိုက်ဖို့သွားချိန်မှာတော့ ဘယ်သူမှမတွေ့ခဲ့ရဘူးလို့ ဆိုပါတယ်။

“အဲ့ဒီဂိတ်မှာ သတင်းရတာက လူဦးရေ ၂၀ လောက်ရှိတယ်လို့ ကြားတာ၊ သေနတ်အင်အားက အဲ့လောက်မရှိဘူး၊ ဒီကောင်တွေဆီမှာ ဒရုန်းတွေလည်းရှိတယ်လို့ကြားလို့ ဒရုန်းလည်း လိုချင်တာကြောင့် သွားတိုက်တာ၊ ကျနော်တို့လည်း အဲ့ဒီရောက်တော့ ဒီကောင်တွေ ဘန်ကာမှာလည်း စစ်ကောင်စီတပ်သားတွေက မရှိဘူး၊” လို့ တပ်ဖွဲ့ဝင်ဒီမိုက ပြောပါတယ်။

ရရှိခဲ့တဲ့သေနတ်ကလည်း ကောင်းမွန်ပြီး ပြန်လည်အသုံးပြုလို့ရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ဧပြီ ၆ ရက်နေ့ညနေ ၅ နာရီကျော်မှာလည်း မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေတိုက်နယ်၊ အောင်သာရွာက ပျူစောထီးနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒရုန်းနဲ့ဗုံးသီး ၂ လုံးချခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးအပါအဝင် ၃ ဦးဒဏ်ရာရသွားတယ်လို့ ပခုက္ကူခရိုင် ပကဖ တပ်ဖွဲ့ ၅ ဧရာဒေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

စာတည်း – လင်း

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။