⁩ ⁨မင်းတုန်း မဲဇလီတံတားအနီး စစ်တပ်ဗုံးကြဲလို့ အမျိုးသမီး ၁ ဦးသေဆုံး

0 13
0 13

မင်းတုန်း၊ စက်တင်ဘာ ၇၊ ၂၀၂၆။

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ မဲဇလီကျေးရွာထိပ် တံတားအနီး စစ်တပ်ဗုံးကြဲလို့ အမျိုးသမီး ၁ ဦး သေဆုံးတယ်လို့ သရက်ခရိုင်တပ်ရင်း ၄ ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။

စက်တင်ဘာလ ၆ ရက်နေ့ နေ့လည် ၂ နာရီခွဲခန့်မှာ ကျေးရွာထိပ်နဲ့ တံတားဝန်းကျင်တွေကို မကွေးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီးက ဗုံး ၄ လုံး၊ ကပစ ၁၂ ကတက်လာတဲ့ စက်တပ်လေထီး ၃ စီးက ဗုံးသီး ၉ လုံးကြဲချသွားတယ်လို့ ဆိုပါတယ်။

“တိုက်ပွဲ မဖြစ်ဘူး။ သူတို့လက်လွှတ်ထားရတဲ့ ရွာတွေ။ သက်သက်လာကျဲတာပါ။ ခု ဗုံးထိသေတဲ့ အမျိုးသမီးက သူက အဲ့အနီးအနားမှာ စစ်ရှောင်ပြီး နေနေတာပါ။ သူနေတဲ့နေရာအနီးကို ကြလို့သေတာ”လို့ သရက်ခရိုင်တပ်ရင်း ၄ ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောပါတယ်။

ဗုံးပေါက်ကွဲစထိမှန်လို့ ပန်းတောင်းမြို့နယ်၊ ပုကန်ကွဲရွာကနေ စစ်လာရှောင်နေတဲ့ အသက် ၅၄ နှစ်အရွယ် အမျိုးသမီးကနေရာမှာတင်သေဆုံးပြီး နောက်ထပ် အမျိုးသား ၁ ဦးဒဏ်ရာရထားပါတယ်။

ဗုံးကြဲမှုကြောင့် ကျေးရွာထိပ်ရှိ ပြည်သူနေအိမ်အချို့ အနည်းအကျဥ်းပျက်စီးတာမျိုးရှိပြီး စိုးရိမ်ကြောက်လန့်မှုရှိတဲ့ ရွာခံတွေကတော့ ကျေးရွာကနေ ဘေးလွတ်ရာ တိမ်းရှောင်တာမျိုးရှိတယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၄ ရက်နေ့ကလည်း မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့အနောက်ဘက်ရှိ အမှတ်(၁) တိရစ္ဆာန်မွေးမြူရေးနဲ့ လေ့ကျင့်ရေးတပ် ဒေသအခေါ် BPI တပ်ကို PDF ပူးပေါင်းတပ်တွေ လာရောက်တိုက်ခိုက်ရာမှ နှစ်ဖက်သေဆုံးရှိပြီး စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်တာကြောင့် အိုင်ကြီးနဲ့ ပေါက်တောရွာက ပြည်သူ ၄ ဦးပါ ထိမှန်သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။