စစ်ကိုင်းတိုင်း မြို့နယ် ၆ ခုက ရေဘေးရှောင်ပြည်သူသောင်းချီ အကူအညီလိုအပ်နေ

0 38
0 38

ရွှေဘို၊ ဩဂုတ် ၈၊ ၂၀၂၆။

စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် ၆ မြို့နယ်က ရေဘေးရှောင်ပြည်သူသောင်းချီ အကူအညီလိုအပ်နေတယ်လို့ ရွှေဘိုခရိုင်ပကဖ တာဝန်ရှိသူဆီက သိရပါတယ်။

ဩဂုတ် ၅ ရက်ကစတင်ကာ မူးမြစ်ရေကြီးနေတာကြောင့် မူးမြစ်ကမ်းဘေးကျေးရွာတွေမှာ ရေအမြင့်ပေ ၄ ပေနဲ့ ၅ ပေကြားမြင့်တက်လာတာကြောင့် ဒေသခံတွေတိမ်းရှောင်ခဲ့ကြရတယ်လို့ ဆိုပါတယ်။

ပုံစာ – ခင်ဦးမြို့နယ်အတွင်းမှ ရေဘေးရှောင်ပြည်သူများ။
ပုံစာ – ခင်ဦးမြို့နယ်အတွင်းမှ ရေဘေးရှောင်ပြည်သူများ။

“ရေဘေးရှောင်တွေက အဆင်ပြေသလိုနေနေရတယ်။ နေထိုင်စားသောက်ဆေးဝါးက တတ်နိုင်သလောက်လုပ်ပေးဖို့စီစဥ်နေတယ်။ မနေ့ကစပြီးတော့ ရောက်တဲ့နေရာတွေကိုထမင်းထုပ်တွေ ကိုယ့်အစီအစဥ်နဲ့ကိုယ်လုပ်ပေးနေတယ်။ ဆေးဝါးထောက်ပံ့ပေးဖို့လုပ်နေတယ်။ ကိုက်ခဲပျောက်ဆေး နှာစေးချောင်းဆိုးပျောက်ဆေးတွေလည်းအရေးပေါ်လိုနေတယ်။ မိုးထဲရေထဲဆိုတော့လေ။ “လို့ ရွှေဘိုခရိုင်ပကဖတာဝန်ခံက ပြောပါတယ်။

မူးမြစ်ရေကြီးနေလို့ ခင်ဦး၊ ဝက်လက်၊ ရွှေဘို၊ ရေဦး၊ တန့်ဆည်၊ ဒီပဲယင်းမြို့နယ်တွေမှာ အနီရောင်အဆင့် သတ်မှတ်ခံထားရတဲ့ ကျေးရွာပေါင်း ၁၀၀ ကျော်ရှိနေပြီး အဝါရောင်အဆင့်နဲ့ သာမန်ရေဝင်နေတဲ့ ကျေးရွာတွေလည်းရှိနေတယ်လို့ အထက်ပါတာဝန်ခံက ပြောပါတယ်။

ပုံစာ – ခင်ဦးမြို့နယ်အတွင်းမှ ရေဘေးရှောင်ပြည်သူများ။
ပုံစာ – ခင်ဦးမြို့နယ်အတွင်းမှ ရေဘေးရှောင်ပြည်သူများ။

ရေဘေးရှောင်ရတဲ့ လူဦးရေများတာကြောင့် အစားအသောက်၊ သောက်သုံးရေနဲ့ ဆေးဝါးလိုအပ်ချက်တွေ ကတော့ မြင့်တက်နေဆဲလို့ဆိုပါတယ်။

ဩဂုတ် ၈ ရက်မနက်ပိုင်းအထိ မူးမြစ်ရေကျဆင်းသွားတာမရှိသေးတာကြောင့် ရေဘေးရှောင်နေရသူတွေ နေအိမ်မပြန်ကြရသေးတဲ့အပြင် အိုးအိမ်၊ စိုက်ခင်းပျက်စီးမှုအခြေအနေကိုလည်း မသိနိုင်သေးပေမယ့် အပျက်အစီးများနိုင်တယ်လို့လည်း ဆိုပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။