⁩ ⁨ချောက်မြို့နယ်ထဲက နရွဲတောရွာ နှစ်ကြိမ်မြောက် မီးရှို့ခံရနေပြီး အပျက်အစီးများနိုင်

0 32
0 32

ချောက်၊ ဩဂုတ် ၄၊ ၂၀၂၆။

မကွေးတိုင်း၊ ချောက်မြို့နယ်၊ နရွဲတောရွာကို စစ်ကောင်စီတပ်က ဒုတိယအကြိမ် ထပ်မံမီးရှို့နေပြီး အပျက်အစီးများနိုင်တယ်လို့ ရွာခံတွေဆီက သိရပါတယ်။

ဩဂုတ်လ ၂ ရက်နေ့ ညနေပိုင်းကတည်းက စစ်ကောင်စီစစ်ကြောင်း အင်အား ၂၀၀ ခန့်နဲ့ ကျေးရွာထဲကို ဝင်ရောက်လာပြီး ဩဂုတ်လ ၃ ရက်နေ့မနက်ပိုင်းကစတင်ကာ ကျေးရွာထဲက နေအိမ်တွေကို မီးတင်ရှို့နေတာလို့ ဆိုပါတယ်။

ပုံစာ – ချောက်မြို့နယ်၊ နရွဲတောကျေးရွာအား ပထမအကြိမ် စစ်ကောင်စီစစ်ကြောင်းထိုး မီးရှို့ခဲ့စဉ် (ပုံအဟောင်း)

“နရွဲတောက ၃ ရွာရှိတာ။ ၃ ရွာလုံးရှို့တာ။ ရွာက အရှေ့၊ အနောက်၊ တောင်ရွာလို့ခေါ်တာ။ မီးရှို့ခံရတာတော့ များတယ်။ ရွာထဲမှာလည်း လူတွေမရှိတော့ အပျ​က်အစီး အတိအကျ မသိရသေးဘူး။ ရှို့ခံရတာ တော်တော်များ ပုံရတယ်။ အရင်တခါရှို့ခံရတာ ၃၀ ကျော်။ ကျန်တာက ၃၀၀ လောက်ကျန်သေးတာ။ ကျနော်တို့က စစ်ကြောင်းမဝင်ခင်တရက် ကြိုထွက် လာကြတာ”လို့ ရွာခံအမျိုးသား ၁ ဦးက ပြောပါတယ်။

စစ်ကြောင်းက မီးရှို့နေတာကြောင့် အပျက်အစီးများနိုင်ပြီး ဩဂုတ်လ ၄ ရက်နေ့အထိ စစ်ကော်မရှင်အဖွဲ့က ရွာထဲတပ်စွဲထားသေးတာကြောင့် အပျက်အစီးမသိရသေးဘူးလို့ ဆို​ပါတယ်။

ပုံစာ – ချောက်မြို့နယ်၊ နရွဲတောကျေးရွာအား ပထမအကြိမ် စစ်ကောင်စီစစ်ကြောင်းထိုး မီးရှို့ခဲ့စဉ် (ပုံအဟောင်း)

ပြီးခဲ့တဲ့ ၂၀၂၅ အောက်တိုဘာ ၂၇ ရက်နေ့ကလည်း နရွဲတောကျေးရွာကို ပထမအကြိမ် စစ်ကော်မရှင်စစ်ကြောင်းဝင်ရောက် မီးရှို့ခဲ့လို့ နေအိမ် ၃၃ လုံးမီးလောင်ပျက်စီးခဲ့တာ ဖြစ်ပါတယ်။

နရွဲတောရွာကို မီးရှို့နေတဲ့စစ်ကြောင်းဟာ ဇူလိုင်လ ၂၅ ရက်နေ့ကစတင်ထွက်လာတဲ့ စလေအခြေစိုက် ခမရ ၄၁၆ တပ်က စစ်ကြောင်းဖြစ်တယ်လို့ သိရပြီး၊ အဲ့ဒီနေ့မှာပဲ ပခန်းငယ်(ခ)ပုဂံငယ်ရွာကို မီးရှိ့ခဲ့တာ ဖြစ်ပါတယ်။

ပုံစာ – ချောက်မြို့နယ်၊ နရွဲတောကျေးရွာအား ပထမအကြိမ် စစ်ကောင်စီစစ်ကြောင်းထိုး မီးရှို့ခဲ့စဉ် (ပုံအဟောင်း)
ပုံစာ – ချောက်မြို့နယ်၊ နရွဲတောကျေးရွာအား ပထမအကြိမ် စစ်ကောင်စီစစ်ကြောင်းထိုး မီးရှို့ခဲ့စဉ် (ပုံအဟောင်း)

စစ်ကြောင်းထိုးနေလို့ ပခန်းငယ်(ခ)ပုဂံငယ်၊ နရွဲတော၊ နဘဲတန်း၊ ရွာငယ်ကန်၊ မြင်သာကုန်း၊ ချောင်းပိုက်၊ အုတ်ဖိုနဲ့ ဥယျာဥ်ကျေးရွာတွေအပါအဝင် ကျေးရွာပေါင်း ၂၀ လောက်က ဒေသခံပြည်သူ ၁၀၀၀၀ ကျော်ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

Related Post

by MLAT 11 views

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။