⁩ ⁨မြိုင်နယ်ထဲကို ဝင်နေတဲ့စစ်ကြောင်းက နေအိမ် ၂၀၀ ကျော် မီးရှိူ့ဖျက်ဆီး

0 9
0 9

မြိုင်၊ ဩဂုတ် ၄၊ ၂၀၂၆။

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းက ပြည်သူနေအိမ် ၂၀၀ ကျော်အထိ မီးရှိူ့ဖျက်ဆီးထားတယ်လို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်ရဲ့ ဩဂုတ်လ ၃ ရက်နေ့ထုတ်ပြန်ချ​က်အရ သိရပါတယ်။

ဇူလိုင်လ ၁၃ ရက်နေ့ကစတင်ပြီး ပေါက်မြို့နယ်ဘက်တဆင့် ဝင်လာတဲ့စစ်ကြောင်းက ဩဂုတ်လ ၃ ရက်နေ့ ရက် ၂၀ အတွင်းမှာ ကန်နက်ရွာက နေအိမ် ၃၁ လုံး၊ လက်ခုပ်ပင်ရွာက ၂၉ လုံး၊ ညောင်ကုန်းရွာက ၆ လုံး၊ ကိုင်းတောမရွာက ၂ လုံး၊ ထန်းငယ်တောရွာက ၄ လုံး၊ သင်းမရွာမှ ၄၀ ကျော်နဲ့ ဘောင်ဘက်ရွာက ၉၀ ကျော်ကို မီးရှို့ထားသလို ယာကြီးပြင်ရွာကိုလည်း မီးရှို့ထားပြီး အရေအတွက် စုံစမ်းနေဆဲလို့ ဆိုပါတယ်။

“မီးရှို့ခံထားရတဲ့ရွာတွေမှာ ပြည်သူတွေ အခုထိ ပြန်မဝင်နိုင်ကြသေးဘူး။ အခက်ခဲက အများကြီး။ အမိုးအကာအတွက် ပခုက္ကူဘက်ကနေ သွပ်တို့၊ သစ်တို့က ဝယ်ဖို့ မလွယ်ဘူး။ အရင်လို အခိုင်အခန့် ပြန်ဆောက်နိုင်ဖို့ မလွယ်ဘူး”လို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်ရဲ့တာဝန်ခံက ပြောပါတယ်။

ပုံစာ – မြိုင်နယ်အတွင်း ဝင်ရောက်နေတဲ့စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့သည့် ညောင်ကုန်းရွာနှင့် ကိုင်းတောမကျေးရွာမှ နေအိမ်များ

မီးရှို့ခံခဲ့ရတဲ့ နေအိမ်ပိုင်ရှင်ပြည်သူတွေအတွက်က အမိုးအကာအပြင် အခြေခံစားနပ်ရိက္ခာတွေ ပါလိုအပ်နေပြီး၊ ကျေးရွာထဲ ပြန်ဝင်ရောက်နေထိုင် ပါကလည်း နေအိမ်တွေ ပြန်ဆောက်နိုင်ဖို့ထက် တဲထိုးပြီးသာ နေရမယ့်အခြေနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။

ဒေသခံ နေအိမ်တွေကိုမီးရှို့တဲ့ စစ်ကြောင်းဟာ အင်အား ၈၀၀ ကျော်နဲ့ ဇူလိုင်လ ၁၃ ရက်နေ့ကစတင်ပြီး၊ ပေါက်မြို့နယ်ဘက်ကနေ ဝင်လာကာ ကျေးရွာတွေကို စစ်ကြောင်းပတ်ထိုးနေသလို လူနေအိမ်တွေကို မီးရှို့ပြီး ဒေသခံပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေလည်း ပြုလုပ်ထားပါတယ်။

ပုံစာ – မြိုင်နယ်အတွင်း ဝင်ရောက်နေတဲ့စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့သည့် ညောင်ကုန်းရွာနှင့် ကိုင်းတောမကျေးရွာမှ နေအိမ်များ
ပုံစာ – မြိုင်နယ်အတွင်း ဝင်ရောက်နေတဲ့စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့သည့် ညောင်ကုန်းရွာနှင့် ကိုင်းတောမကျေးရွာမှ နေအိမ်များ

အဆိုပါစစ်ကြောင်းဟာ ဩဂုတ်လ ၄ ရက်နေမှာတော့ ယာကြီးပြင်ကျေးရွာတဝိုက်မှာ တပ်စွဲထားတယ်လို့ သိရပါတယ်။

စစ်ကြောင်းဝင်လာလို့ မြိုင်မြို့နယ်ထဲက ကန်နက်၊ ညောင်းကုန်း၊ ကိုင်းတောမ၊ ထန်းငယ်တော၊ မြင်းကိုးသစ်ကျေးရွာအပါအဝင် ကျေးရွာပေါင်း ၁၀ ရွာကျော်က ပြည်သူ ၁၀၀၀၀ ခန့်စစ်ဘေးရှောင်နေကြရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

by MLAT 26 views

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။