⁩ ⁨အညာက စစ်ဘေးရှောင် ၁၅၀၀ ကို စားနပ်ရိက္ခာ သွားရောက် ကူညီထောက်ပံ့

0 1
0 1

မြစ်ခြေ၊ ဇူလိုင် ၁၆၊ ၂၀၂၆။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က စစ်ဘေးရှောင် ၁၅၀၀ ကျော်အတွက် ဆန်၊ ဆီ စားနပ်ရိက္ခာတွေ ကူညီပေးခဲ့တယ်လို့ အညာမြေ စစ်ဘေးရှောင်ကူညီရေး အဖွဲ့ဆီက သိရပါတယ်။

ပုံစာ – မြစ်ခြေမြို့ရှိ စစ်ဘေးရှောင်ပြည်သူများအား အညာမြေစစ်ဘေးရှောင်ကူညီရေးအဖွဲ့မှ စားနပ်ရိက္ခာများ သွားရောက်ကူညီစဉ်

အိမ်ခြေ ၁၂၀၀ ခန့် မီးရှို့ခံခဲ့ရတဲ့ မြစ်ခြေမြို့မှာ ဇူလိုင် ၁၁ ရက်နေ့က လူတဦးကို ဆန် ၁ပြည်၊ အိမ်ထောင်စု တစုကို ဆီ ၅၀ သားနှုန်းနဲ့ ထောက်ပံ့ခဲ့တာလို့ အညာမြေအဖွဲ့ဝင်တဦးက ပြောပါတယ်။

ပုံစာ – မြစ်ခြေမြို့ရှိ စစ်ဘေးရှောင်ပြည်သူများအား အညာမြေစစ်ဘေးရှောင်ကူညီရေးအဖွဲ့မှ စားနပ်ရိက္ခာများ သွားရောက်ကူညီစဉ်

ပခုက္ကူမြို့နယ်က ကံမနဲ့ မြစ်ခြေမြို့တဝိုက်မှာ စစ်ဘေးရှောင်နေရတဲ့ ကျေးရွာ ၂၀ ခန့်ရှိပြီး စစ်ဘေးရှောင်ကာလ ၂ လကျော်ကြာပြီးတဲ့နောက် ကူညီထောက်ပံ့မှုတွေ ရနေပေမယ့် မလုံလောက်တာတွေ ဖြစ်နေတယ်လို့ သူကဆိုပါတယ်။

ပုံစာ – မြစ်ခြေမြို့ရှိ စစ်ဘေးရှောင်ပြည်သူများအား အညာမြေစစ်ဘေးရှောင်ကူညီရေးအဖွဲ့မှ စားနပ်ရိက္ခာများ သွားရောက်ကူညီစဉ်
ပုံစာ – မြစ်ခြေမြို့ရှိ စစ်ဘေးရှောင်ပြည်သူများအား အညာမြေစစ်ဘေးရှောင်ကူညီရေးအဖွဲ့မှ စားနပ်ရိက္ခာများ သွားရောက်ကူညီစဉ်

“ဒီမှာက ကူညီပေးနေတဲ့ ထောက်ပံ့ရေးအဖွဲ့တွေလည်း ရှိတယ်။ သူတို့အတွက် ထောက်ပံ့မှုတွေ ရောက်သင့်သလောက်လည်း ရောက်တယ်ဆိုပေမယ့် လက်ရှိမှာ စစ်ရှောင်နေရတဲ့ လူဦးရေက ၂ သောင်းကျော်ရှိနေတယ်။” လို့ သူကပြောပါတယ်။

ပုံစာ – မြစ်ခြေမြို့ရှိ စစ်ဘေးရှောင်ပြည်သူများအား အညာမြေစစ်ဘေးရှောင်ကူညီရေးအဖွဲ့မှ စားနပ်ရိက္ခာများ သွားရောက်ကူညီစဉ်
ပုံစာ – မြစ်ခြေမြို့ရှိ စစ်ဘေးရှောင်ပြည်သူများအား အညာမြေစစ်ဘေးရှောင်ကူညီရေးအဖွဲ့မှ စားနပ်ရိက္ခာများ သွားရောက်ကူညီစဉ်

မြစ်ခြေမြို့တဝိုက်ကို ၂၀၂၆ မေလ ၉ ရက်ကစလို့ အောင်သာရွာ ပျူစောထီးတွေနဲ့ ပခုက္ကူတပ်မ ၁၀၁ ပူးပေါင်းအင်အား ၄၀၀ ကျော်နဲ့ စစ်ကြောင်းထိုးပြီး အိမ်ခြေ တထောင်ကျော်ကို မီးရှို့ဖျက်ဆီးကာ ပြည်သူ ၄၀ ကို သတ်ဖြတ်သွားခဲ့တာ ဖြစ်ပါတယ်။

ပုံစာ – မြစ်ခြေမြို့ရှိ စစ်ဘေးရှောင်ပြည်သူများအား အညာမြေစစ်ဘေးရှောင်ကူညီရေးအဖွဲ့မှ စားနပ်ရိက္ခာများ သွားရောက်ကူညီစဉ်
ပုံစာ – မြစ်ခြေမြို့ရှိ စစ်ဘေးရှောင်ပြည်သူများအား အညာမြေစစ်ဘေးရှောင်ကူညီရေးအဖွဲ့မှ စားနပ်ရိက္ခာများ သွားရောက်ကူညီစဉ်

ဓာတ်ပုံ – အညာမြေစစ်ဘေးရှောင်ကူညီရေးအဖွဲ့

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။