⁨⁨မြိုင်မှာ စစ်တပ်က ပြည်သူ ၄ ဦးကို ရက်စက်စွာ သတ်ဖြတ်ပြီး နေအိမ် ၅၀ ကျော် မီးရှို့ဖျက်ဆီး

0 1
0 1

မြိုင်၊ ဇူလိုင် ၁၆၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ မြိုင်မြို့နယ်၊ ကန်နက်၊ ညောင်းကုန်း၊ ကိုင်းတောမ၊ ထန်းငယ်တောနဲ့ မြင်းကိုးသစ်ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ ပြည်သူ ၄ ဦးကိုရက်စက်စွာသတ်ဖြတ်ခဲ့ပြီး နေအိမ် ၅၀ ကျော် မီးရှို့ခဲ့တယ်လို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း – မြိုင်ရဲ့ တာဝန်ရှိသူတွေထံက သိရပါတယ်။

ပုံစာ – စစ်ကောင်စီတပ်၏ သတ်ဖြတ်ခံရသူ ရွာသားလေးဦးနှင့် မီးရှို့ဖျက်ဆီးခံရသည့် ကန်နက်၊ ညောင်းကုန်း၊ ကိုင်းတောမ၊ ထန်းငယ်တောနှင့် မြင်းကိုးသစ်ကျေးရွာများမှ နေအိမ်များ

ဇူလိုင်လ ၁၅ ရက်နေ့က စစ်ကောင်စီစစ်ကြောင်းဝင်ရောက်ခဲ့ပြီးနောက် အဆိုပါကျေးရွာတွေကို ဒေသခံတာဝန်ရှိသူတွေက နယ်မြေရှင်းလင်းရန်သွားရောက်စဥ်မှာ အလောင်းတွေနဲ့ မီးလောင်ပျက်ဆီးနေတဲ့ နေအိမ်တွေကို တွေ့ခဲ့ရတာလို့ ဆိုပါတယ်။

သတ်ဖြတ်ခံရသူ ၄ ဦးစလုံးမှာ အမျိုးသားတွေဖြစ်ပြီး၊ အသက် ၅၀ နဲ့ ၆၀ အရွယ် ကန်နက်ကျေးရွာသား ၂ ဦးမှာ ရွာမြောက်ဖက် တမိုင်အကွာခန့်က လခုပ်ပင်ကျေးရွာမြောက်ဖျားမှာ မြုပ်ထားတာဖြစ်ပြီး၊ သေချာမြေမမြုပ် ထားတာကြောင့် မြေပေါ် ပေါ်နေလို့ မြင်တွေ့ခဲ့ရတာလို့ ဆိုပါတယ်။

ပုံစာ – စစ်ကောင်စီတပ်၏ သတ်ဖြတ်ခံရသူ ရွာသားလေးဦးနှင့် မီးရှို့ဖျက်ဆီးခံရသည့် ကန်နက်၊ ညောင်းကုန်း၊ ကိုင်းတောမ၊ ထန်းငယ်တောနှင့် မြင်းကိုးသစ်ကျေးရွာများမှ နေအိမ်များ
ပုံစာ – စစ်ကောင်စီတပ်၏ သတ်ဖြတ်ခံရသူ ရွာသားလေးဦးနှင့် မီးရှို့ဖျက်ဆီးခံရသည့် ကန်နက်၊ ညောင်းကုန်း၊ ကိုင်းတောမ၊ ထန်းငယ်တောနှင့် မြင်းကိုးသစ်ကျေးရွာများမှ နေအိမ်များ

အလားတူ အသက် ၆၇ နှစ်အရွယ် မြင်းကိုးသစ်ဘုန်းကြီးကျောင်းအနီးမှာ မြင်းကိုးသစ်ရွာသားတဦးနဲ့ အုတ်တံတားအနီးမှာတော့ အသက် ၅၆ နှစ်အရွယ် ကိုင်းတောမရွာသားတဦးတို့ကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

“မြင်းကိုးသစ် (ဘုန်ကြီးကျောင်းနား) က နံဘေးကို ဓားနဲ့ထိုးထားတာ။ ကိုင်းတောမ(ကျေးရွာ)က ခေါင်းကိုသေနတ်နဲ့ ပစ်ထားတာ။ ကန်နက်က နှစ်ယောက်က တနေရာတည်းမှာ သတ်ထားတယ်။ လက်ပြန်​ကြိုးတုပ်ထားပြီးတော့မှ တခေါက်ကြောတွေ ဖြတ်ထားတယ်။ လည်ပင်းလှီးထားတယ်။ ခန္ဓကိုယ်မှာနှိပ်စက်ထားတာ” လို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း – မြိုင်တာဝန်ရှိသူ ကိုထွေးက ပြောပါတယ်။

ပုံစာ – စစ်ကောင်စီတပ်၏ သတ်ဖြတ်ခံရသူ ရွာသားလေးဦးနှင့် မီးရှို့ဖျက်ဆီးခံရသည့် ကန်နက်၊ ညောင်းကုန်း၊ ကိုင်းတောမ၊ ထန်းငယ်တောနှင့် မြင်းကိုးသစ်ကျေးရွာများမှ နေအိမ်များ
ပုံစာ – စစ်ကောင်စီတပ်၏ သတ်ဖြတ်ခံရသူ ရွာသားလေးဦးနှင့် မီးရှို့ဖျက်ဆီးခံရသည့် ကန်နက်၊ ညောင်းကုန်း၊ ကိုင်းတောမ၊ ထန်းငယ်တောနှင့် မြင်းကိုးသစ်ကျေးရွာများမှ နေအိမ်များ
ပုံစာ – စစ်ကောင်စီတပ်၏ သတ်ဖြတ်ခံရသူ ရွာသားလေးဦးနှင့် မီးရှို့ဖျက်ဆီးခံရသည့် ကန်နက်၊ ညောင်းကုန်း၊ ကိုင်းတောမ၊ ထန်းငယ်တောနှင့် မြင်းကိုးသစ်ကျေးရွာများမှ နေအိမ်များ

သတ်ဖြတ်ခံထားရသူတွေရဲ့အလောင်းတွေကိုတော့ နယ်မြေရှင်းလင်းရေးလုပ်ခဲ့တဲ့ အဖွဲ့တွေကပဲ နာရေးပြုလုပ်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

သတ်ဖြတ်ခံရသူတွေဟာ စစ်ကြောင်းဝင်လာလို့ ကျေးရွာတွေကနေ ထွက်ပြေးတိမ်းရှောင်နေရသူတွေဖြစ်ပြီး ကန်နက်ရွာသား ၂ ဦးက ဇူလိုင်လ ၁၃ ရက်နေက ကျေးရွာမှာမွေးထားတဲ့တိရစ္ဆာန်တွေကို အစာလာပြန်ကျွေးချိန် လက်ခုပ်ပင်အနီး တောထဲမှာ စစ်ကြောင်းနဲ့တိုးလို့ ဖမ်းဆီးခံရတာဖြစ်သလို မြင်းကိုးသစ်နဲ့ ကိုင်းတောမရွာခံတွေကတော့ ဇူလိုင်လ ၁၄ မှာ မြင်းကိုးသစ်ရွာနားမှာဖမ်းဆီးခံလိုက်ရတာလို့ ဆို​ပါတယ်။

ပုံစာ – စစ်ကောင်စီတပ်၏ သတ်ဖြတ်ခံရသူ ရွာသားလေးဦးနှင့် မီးရှို့ဖျက်ဆီးခံရသည့် ကန်နက်၊ ညောင်းကုန်း၊ ကိုင်းတောမ၊ ထန်းငယ်တောနှင့် မြင်းကိုးသစ်ကျေးရွာများမှ နေအိမ်များ
ပုံစာ – စစ်ကောင်စီတပ်၏ သတ်ဖြတ်ခံရသူ ရွာသားလေးဦးနှင့် မီးရှို့ဖျက်ဆီးခံရသည့် ကန်နက်၊ ညောင်းကုန်း၊ ကိုင်းတောမ၊ ထန်းငယ်တောနှင့် မြင်းကိုးသစ်ကျေးရွာများမှ နေအိမ်များ
ပုံစာ – စစ်ကောင်စီတပ်၏ သတ်ဖြတ်ခံရသူ ရွာသားလေးဦးနှင့် မီးရှို့ဖျက်ဆီးခံရသည့် ကန်နက်၊ ညောင်းကုန်း၊ ကိုင်းတောမ၊ ထန်းငယ်တောနှင့် မြင်းကိုးသစ်ကျေးရွာများမှ နေအိမ်များ

စစ်ကြောင်းက မီးရှို့လို့ ကန်နက်ရွာက နေအိမ် ၁၀ လုံး၊ လက်ခုပ်ပင်ရွာက နေအိမ် ၃၀ လုံး၊ ညောင်ကုန်းရွာက ၆ လုံး၊ ကံကြီးတောက ၇ လုံး၊ ထန်းငယ်တောရွာက ၄ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

အဆိုပါစစ်ကြောင်းဟာ ဇူလိုင်လ ၁၆ ရက်နေ့မှာ ကျွဲတွင်းရွာဘက်ရောက်နေပြီး ရေနံမြေမှော်တွေဘက်ထဲကို စစ်ကြောင်းဆက်ထိုးနေပြီး၊ အင်အား ၈၀၀ ကျော်နဲ့ ဇူလိုင်လ ၁၃ ရက်နေ့ကစတင်ပြီး ပေါက်မြို့နယ်ဘက်ကနေ ဝင်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

ပုံစာ – စစ်ကောင်စီတပ်၏ သတ်ဖြတ်ခံရသူ ရွာသားလေးဦးနှင့် မီးရှို့ဖျက်ဆီးခံရသည့် ကန်နက်၊ ညောင်းကုန်း၊ ကိုင်းတောမ၊ ထန်းငယ်တောနှင့် မြင်းကိုးသစ်ကျေးရွာများမှ နေအိမ်များ
ပုံစာ – စစ်ကောင်စီတပ်၏ သတ်ဖြတ်ခံရသူ ရွာသားလေးဦးနှင့် မီးရှို့ဖျက်ဆီးခံရသည့် ကန်နက်၊ ညောင်းကုန်း၊ ကိုင်းတောမ၊ ထန်းငယ်တောနှင့် မြင်းကိုးသစ်ကျေးရွာများမှ နေအိမ်များ
ပုံစာ – စစ်ကောင်စီတပ်၏ သတ်ဖြတ်ခံရသူ ရွာသားလေးဦးနှင့် မီးရှို့ဖျက်ဆီးခံရသည့် ကန်နက်၊ ညောင်းကုန်း၊ ကိုင်းတောမ၊ ထန်းငယ်တောနှင့် မြင်းကိုးသစ်ကျေးရွာများမှ နေအိမ်များ

ဇူလိုင်လ ၂ ရက်နေ့က အဆိုပါစစ်ကြောင်းဟာ ပေါက်မြို့နယ်၊ ထောက်ရှာပင်ကျေးရွာက ပြည်သူနေအိမ် ၅၄ လုံးကို မီးရှို့ဖျက်စီးခဲ့သေးတယ်လို့ သိရပါတယ်။

စစ်ကြောင်းဝင်လာလို့ မြိုင်မြို့နယ်ထဲက ကန်နက်၊ ညောင်းကုန်း၊ ကိုင်းတောမ၊ ထန်းငယ်တော၊ မြင်းကိုးသစ်ကျေးရွာအပါအဝင် ကျေးရွာပေါင်း ၁၀ ရွာကျော်က ပြည်သူ ၁၀၀၀၀ ခန့်စစ်ဘေးရှောင်နေကြရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။