3 July 2026 3:17 PM

⁩ ⁨အရက်မူးပြီး တံတားစောင့်နေတဲ့ စစ်သား အချင်းချင်းဓားထိုးမှုဖြစ် ၁ ဦးသေဆုံး

0 1
0 1

စလင်း၊ ဇူလိုင် ၃၊ ၂၀၂၆။

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့အနီး နွယ်တမယ်တံတားစောင့် စစ်ကော်မရှင်တပ်သားအချင်းချင်း ဓားထိုးမှုဖြစ်လို့ ၁ ဦးသေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဇူလိုင်လ ၂ ရက်နေ့ည ၈ နာရီခန့်မှာ တံတားစောင့် စစ်ကော်မရှင်တပ်သား ၂ ဦး စကားများရန်ဖြစ်ရာမှ တပ်သား ၁ ဦးက နောက်တပ်သား ၁ ဦးကို ဓားနဲ့ထိုးခဲ့တာလို့ ဆိုပါတယ်။

“အချင်းချင်းမူးပြီး စကားများကြတာ။ ရိုးရိုးတပ်သားတွေ။ နှစ်ယောက်မှာ တယောက်က ဓားနဲ့ထိုးတာ။ တယောက်က အုတ်ခဲနဲ့ထုတာ။ ဓားနဲ့ထိုးခံရတဲ့တပ်သားက ပွဲချင်းပြီးပဲ”လို့ မြို့ခံတဦးက ပြောပါတယ်။

ဓားနဲ့ထိုးခံရတဲ့ အသက် ၃၈ နှစ်အရွယ် စစ်ကော်မရှင်တပ်သားဟာ နေရာမှာပင်သေဆုံးသွားပြီး အုတ်ခဲနဲ့ထုခံရသူတပ်သားကတော့ ဆင်ဖြုကျွန်းဆေးရုံမှာ ဆေးကုသမှုခံယူနေရပါတယ်။

သေဆုံးသူ စစ်ကော်မရှင်တပ်သားရဲ့အလောင်းကိုတော့ ဇူလိုင်လ ၃ ရက်နေ့မနက်ပိုင်းက ဆင်ဖြူကျွန်းမြို့ သုသာန်မှာ သင်္ဂြိုလ်လိုက်တယ်လို့ ဆိုပါတယ်။

နွယ်တမယ်တံတားမှာ ၂၀၂၅ ခုနှစ်အစပိုင်းလောက်ကတည်းကစပြီး ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ တပ်မ လက်အောက်ခံတပ်တွေက တံတားလုံခြုံရေးစောင့်နေတာဖြစ်ပြီး အနည်းဆုံးအင်အား ၂၀ ခန့်ရှိတယ်လို့ သိရပါတယ်။

ဇွန်လ ၃၀ ရက်နေ့ကလည်း စလင်းမြို့နယ်၊ ဆင်ဖြုုကျွန်းမြို့၊ အေးစုဖိုစု ရပ်ကွက်မှာ အမျိုးသမီး ၁ ဦးကို ဆေးကြောင်နေတဲ့ စစ်ကော်မရှင်တပ်သားကနေအိမ်ပေါ်တက်သေနတ်နဲ့ပစ်သတ်သွားလို့သေဆုံးခဲ့သေးတယ်လို့သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။