ပဲခူး၊ နိုဝင်ဘာ ၂၀၊ ၂၀၂၆။
ပဲခူးတိုင်း၊ ပဲခူးမြို့၊ — ရပ်ကွက်၊ — အပိုင်းမှာ ၉ နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မကျုးလွန်တယ်လို့ဆိုကာ ၁၆ နှစ်အရွယ် ကောင်လေး ဖမ်းဆီးခံရထားရတယ်လို့ မြိုံခံတွေဆီက သိရပါတယ်။
အဓမ္မကျူးလွန်ခံရသူဟာ အသက် ၉ နှစ်အရွယ် မိန်းကလေးဖြစ်ပြီး ကျူးလွန်သူလို့ စွပ်စွဲခံရသူက အိမ်နီးချင်း အသက် ၁၆ နှစ်အရွယ် လူငယ်ဖြစ်ပြီး နိုဝင်ဘာလ ၁၇ ရက်နေ့ည ၈ နာရီကျော်ခန့်မှာ ကောင်လေးက ကလေးမရဲ့နေအိမ်ခြံဝင်းအတွင်းမှာပင် ပြုကျင့်ခဲ့တာလို့ဆိုပါတယ်။
“ဖြစ်တဲ့ညက ကလေးမလေးက အိမ်အောက်ဆင်းသွားတာ။ ပြန်တက်မလာတော့ သူမွေးစား မိဘတွေက ဆင်းကြည့်တာ။ ကလေးမလေးနားကနေ အဲဒီကောင်လေးက ထွက်ပြေးသွားတာတွေ့လိုက်လို့ ကလေးမလေးကိုမေးမှ ကလေးမလေးက ပြောပြတာ”လို့ မြို့ခံတဦးက ပြောပါတယ်။
ကလေးမလေးပြောပြချက်အရ အိမ်နီးချင်းဖြစ်သူ မင်းရာဇာ(အမည်လွှဲ)က အဓမ္မပြုကျင့်တယ်လို့ဆိုတာကြောင့် နောက်တရက်မှာ ကလေးမွေးစားမိဘတွေက အမှတ် ၂ နယ်မြေရဲစခန်းမှာ အမှုဖွင့်ခဲ့တယ်လို့ ဆိုပါတယ်။
အမှုဖွင့်ပြီးနောက် ကလေးမလေးကို ပဲခူးပြည်သူ့ဆေးရုံမှာ ဆေးစစ်မှုတွေပြုလုပ်ခဲ့ပြီးနောက် နိုဝင်ဘာလ ၁၉ ရက်နေ့ညနေပိုင်းမှာ ရဲက ကောင်လေးကို နေအိမ်ကနေ လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ပြစ်မှုကျူးလွန်သူစွပ်စွဲခံရတဲ့ ကောင်လေးကိုတော့ ပဲခူးအမှတ် ၂ ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။