ကညွတ်ကွင်းမှာ မောင်နှမ ၃ ဦး ရေနစ်သေဆုံး

0 13
0 13

ဖြူး၊ ဇွန် ၁၆၊ ၂၀၂၆။

ပဲခူးတိုင်း၊ ကညွတ်ကွင်းမြို့၊ ခင်တန်းရပ်ကွက်အနီးရေကန်မှာ မောင်နှမ ၃ ဦး ရေနစ်သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရေနစ်သေဆုံးသူတွေဟာ ခင်တန်းရပ်ကွက်နေ အသက် ၁၃ နစ်အရွယ် အမွှာ မိန်းကလေးငယ် ၂ ဦးနဲ့ အသက် ၈ နှစ်အရွယ် မောင်ဖြစ်သူတို့ဖြစ်ပြီး ဇွန် ၁၅ ရက်နေ့လယ် ၂ နာရီလောက်မှာ ရေနစ်ခဲ့တာလို့ဆိုပါတယ်။

“ရေကန်က လူကြီး ၁ ရပ်လောက် အနက်ရှိတယ်။ မိဘတွေက အလုပ်သွားချိန် ကလေးပဲကျန်ခဲ့တော့ ကျောင်းမသွားဘဲ ရေဆင်းကူးရင်းရေနစ်တာ။ သူတို့ရေနစ်နေတာကို လမ်းသွား ၁ ယောက်ကမြင်ပြီး အကူအညီတောင်းမှ ရပ်ကွက်ကဝိုင်ဆယ်ကြရတာ”လို့ ဒေသခံတဦးက ပြောပါတယ်။

ကလေးငယ်တွေရေနစ်တာကို သိသိချင်း ရပ်ကွက်နေပြည်သူတွေက ဝိုင်းဝန်းဆယ်ယူကြပေမယ့် ရေနစ်ပြီး နာရီဝက်ခန့်အကြာမှ သေဆုံးလျက်သာ ပြန်ဆယ်ယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အလောင်းတွေကိုတော့ ကညွတ်ကွင်းဆေးရုံကို ကနဦးပို့ဆောင်ပေးခဲ့ပြီးနောက် နေအိမ်ကို ပြန်သယ်လာကာ ဇွန်လ ၁၇ ရက်မှာ သင်္ဂြိုဟ်မယ်လို့ သိရပါတယ်။

မေ ၂၂ ရက်ကလည်း ပဲခူးမြို့နယ်၊ ဝါးမရမ်းကျေးရွာအုပ်စု၊ ဆပ်ပြာကျင်းကျေးရွာအနီးရှိ ဇလပ်ထော်ရေလှောင်တမံအတွင်း ရေဆင်းကူးတဲ့ ကလေးငယ် ၄ ဦး ရေနစ်‌သေဆုံးခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။