စလင်းမှာမီးရှို့ခံ ရွာ ၂ ရွာက အိမ်ထောင်စု ၂၀၀ ကို ပကဖ ထောက်ပံ့

0 10
0 10

စလင်း၊ မေ ၁၈၊ ၂၀၂၆။

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကော်မရှင်စစ်ကြောင်းထိုးမီးရှို့သွားတဲ့ ရွာ ၂ ရွာက အိမ်ထောင်စု ၂၀၀ ကို ထောက်ပံ့ပေးခဲ့တယ်လို့ စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

မေ ၁၅ ရက်နဲ့ ၁၆ ရက်‌တို့မှာ ၁ အိမ်ထောင်ကို ဆန် ၂ ပြည်၊ ငွေ ၁ သောင်းကျပ်နဲ့ အ၀တ်အထည်တွေ ကူညီထောက်ပံ့ပေးခဲ့တာလို့ ဆိုပါတယ်။

“အခက်အခဲကတော့ အများပေါ့။ မိုးရာသီလည်း နီးလာတော့ မိုးကာကအစ သူတို့မှာလိုအပ်ချက်တွေရှိတယ်။ ကျနော်တို့ကိုယ်တိုင်လည်း ပြည်သူတွေလိုအပ်သလောက် မထောက်ပံ့နိုင်တော့ အားငယ်မှုလည်းရှိပါတယ်”လို့ စလင်းပကဖ တာ၀န်ခံက မြေလတ်အသံကို ပြောပါတယ်။

ရပ်ကျေးပကဖ ကူညီရေးတာဝန်ခံတွေရဲ့ ကူညီထောက်ပံ့မှုကို စလင်းမြို့နယ် ပကဖ တာဝန်ခံတွေနဲ့ တပ်ဖွဲ့၀င်တွေက အခုလို ၂ ရက်ဆက်တိုက် သွားရောက်ကူညီထောက်ပံ့ခဲ့တာလို့လည်း သိရပါတယ်။

မေလ ၁ ရက်နဲ့ ၄ ရက်မှာ စလင်းမြို့နယ်ထဲက ရွာ ၆ ရွာကိုစစ်ကော်မရှင်တပ်က စစ်ကြောင်းထိုး မီးရှို့တာကြောင့် နေအိမ် ၆၀၀ ကျော်ပျက်စီးခဲ့ပြီး အဲ့ဒီထဲက အခုသွားလှူခဲ့တဲ့ရွာတွေအမည်ကိုတော့ လုံခြုံရေးအရ ဖော်ပြလို့မရဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ‌၁၀ ရက်ကလည်း စလင်းမြို့နယ်အတွင်းက စစ်ရှောင်တွေအတွက် ငွေကျပ် သိန်း ၂၀‌‌ ကျော်၊စားနပ်ရိက္ခာနဲ့ အသုံးအဆောင်ပစ္စည်းတွေကို မြို့နယ်ကူညီကယ်ဆယ်‌ရေးတာဝန်ခံနဲ့ ချိတ်ဆက်ပြီးကူညီထောက်ပံ့ခဲ့တယ်လို့ စလင်းပကဖက ထုတ်ပြန်ထားခဲ့ပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။