ကြို့ပင်ကောက်မှာ စစ်မှုထမ်းအပတ်စဥ် ၂၂ ဆင်း တပ်သား၂ ဦး ဘက်ပြောင်းလာ

0 11
0 11

ကြို့ပင်ကောက်၊ မေ ၁၄၊ ၂၀၂၆။

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်မှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂ ဦး ဘက်ပြောင်းလာခဲ့တယ်လို့ ဗျူဟာ ၂၂ က မေ ၁၄ ရက်ဒီကနေ့ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။

မေ ၁၁ ရက်မှာ စစ်မှုထမ်းအပတ်စဉ် ၂၂ ဆင်း တပ်သားဇော်ဇော်အောင်နဲ့ ကျော်မျိုးသူတို့က ဗျူဟာ ၂၂ လက်အောက်မှာရှိတဲ့ ၃၈၀၁ တပ်ရင်း တပ်ခွဲ ၅ ဆီကိုချိတ်ဆက်ပြီး ဘက်ပြောင်းလာခဲ့ကြတာလို့ ဆိုပါတယ်။

“လော‌လောဆယ်တော့ ကျနော်တို့ တပ်ခွဲထဲမှာပဲထားပါတယ်ဗျ။ စစ်ရေးကိစ္စလေးတွေ ရှုပ်နေသေးလို့၊ အဲ့ဒါ(ဆုချီးမြှင့်တာ)တွေ မလုပ်ရသေးပါဘူးဗျ။ အဲ့ဘက်(ရန်ကုန်နဲ့ရှမ်းတောင်)ကနေ ဒီဘက် (ကြို့ပင်ကောက်မြို့) ကိုလာဖို့ကျ လက်နက်သယ်လာဖို့ဘယ်လိုမှမဖြစ်နိုင်ဘူး။”လို့ တပ်ခွဲ ၅ တပ်ခွဲမှူး ကိုနေမင်းမှ မြေလတ်အသံကို ပြောပါတယ်။

အသက် ၂၀ အရွယ် တပ်သားဇော်ဇော်အောင်က ရန်ကုန်၊ သန်လျင်အခြေစိုက် အမှတ် ၁၄၆ ခြေလျင်တပ်ရင်းကဖြစ်ပြီး အသက် ၂၃ နှစ်အရွယ် တပ်သားကျော်မျိုးသူကတော့ ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့အခြေစိုက် အမှတ် ၅၅၃ ခြေမြန်တပ်ရင်းကဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ မတရားညွှန်ကြားချက်တွေအပြင် ကိုယ်တိုင်လည်း စစ်တပ်မှာ တာဝန်မထမ်းဆောင်လိုတာကြောင့် ဘက်ပြောင်းလာခဲ့ကြတာလို့ သိရပြီး လက်ရှိမှာ သူတို့ ၂ ဦးကို ၃၈၀၁ တပ်ရင်းရဲ့ကွပ်ကဲမှုအောက်မှာထားရှိတယ်လို့ တပ်ခွဲ ၅ တပ်ခွဲမှူး ကိုနေမင်း က မြေလတ်အသံကို ပြောပါတယ်။

စစ်ကော်မရှင်ဖွဲ့ဝင်တွေအနေနဲ့ ဗျူဟာ ၂၂ နဲ့ ဗျူဟာလက်အောက်မှာရှိတဲ့ တပ်ရင်း၊ တပ်ခွဲတွေဆီ လက်နက်ခဲယမ်းယူဆောင်ပြီးဘက်ပြောင်းလာပါက ထိုက်ထိုက်တန်တန် ချီးမြင့်ဂုဏ်ပြုပေးမယ်လို့ ‌ဗျူဟာ ၂၂ က ဆိုထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃၁ ရက် မနက် ၁၀ နာရီခန့်မှာလည်း ကြို့ပင်ကောက်မြို့နယ် ရဲစခန်းက စစ်မှုထမ်း စစ်ကော်မရှင်တပ်သားသစ် ၂ ဦး လက်နက် ၂ လက်နဲ့ ခဲယမ်းတွေယူဆောင်ပြီး ၃၈၀၁ တပ်ရင်း တပ်ခွဲ ၅ ဆီဘက်ပြောင်းလာခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။