အရာတော်က စစ်ရှောင်တွေ ဆေးဝါးကုသမှုနဲ့ သောက်သုံးရေသန့် လိုအပ်နေ

0 26
0 26

အရာတော်၊ မေ ၄၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ ပျူစောထီးအထိုင်ချရာကျေးရွာတွေက တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် ဆေးဝါးကုသမှုနဲ့ သောက်သုံးရေအရေးပေါ်လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီပေးနေသူတွေဆီက သိရပါတယ်။

အရာတော်မြို့နယ်၊ ငွေတွင်း၊ စပါးတွင်းနဲ့ သလဲဘာကျေးရွာတွေကနေ ထွက်ပြေးတိမ်းရှောင်လာရတဲ့ စစ်ဘေးရှောင်တွေအနက် ငွေတွင်းနဲ့ သလဲဘာရွာက စစ်ဘေးရှောင် ၁၅၀ ခန့်မှာ အဆိုပါအခက်အခဲကို ရင်ဆိုင်နေရတာလို့ သိရပါတယ်။

“သောက်ရေက တုံငင်ရေ၊ ရေကြောမကောင်းတော့ ရေတွေကနီပြီး ဝမ်းပျက်ရောဂါတွေ ဖြစ်ကြတယ်၊ ဆေးဝါးအခက်အခဲက အရင်ကကျနော်တို့ဆီရှိတဲ့ဆေးတွေ ထောက်လှူပေးတယ်၊ အခုက ဝမ်းပျက်ရောဂါတွေဆိုတော့ ဓာတ်ဆားထုပ်ကို မပေးနိုင်တာကြာပြီ၊ ၇ ရက် ၁ ပတ် ရှိပါပြီ၊ စုစုပေါင်းစာရင်းအရ အိမ်ထောင်စု ၁၅၀ ရှိပါတယ်။” လို့ စစ်ဘေးရှောင်ကူညီသူတဦးက မြေလတ်အသံကို ပြောပါတယ်။

အသက် ၇၀ အထက်သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေမှာတော့ ရာသီဥတုအခြေအနေအရ ဖျားနာသူတွေရှိသလို သောက်သုံးရေမသန့်မှုကြောင့်ဖြစ်တဲ့ ရောဂါတွေလည်း ဖြစ်နေတယ်လို့ ဆိုပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းပြီး ၁ နှစ်ကျော်အကြာ ၂၀၂၂ နှောင်းပိုင်းကစလို့ အထက်ပါကျေးရွာတွေမှာ ပျူစောထီးတွေအထိုင်ချတပ်စွဲသွားတာကြောင့် ဒေသခံတွေဟာ နေရပ်စွန့်ခွာတိမ်းရှောင်နေကြရတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ ငွေကြေးထောက်ပံ့မှု အခက်အခဲတွေကြောင့် စစ်ရှောင်ကူညီသူတွေက စားနပ်ရိက္ခာအတွက်သာ ကူညီပေးနိုင်တယ်လို့ ဆိုပါတယ်။

ဧပြီ ၁၅ ရက်ကလည်း သလဲဘာရွာတိုက်ပွဲကြောင့်ထွက်ပြေးခဲ့ရတဲ့ စစ်ဘေးရှောင်အမျိုးသား ၁ ဦး စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။