27 July 2026 11:41 AM

မြောင်မြို့ပေါ်ရဲစခန်းကို တော်လှန်ရေးတပ်တွေ အနီးကပ်တိုက်ခိုက်

0 25
0 25

စစ်ကိုင်း၊ ဧပြီ ၂၅၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်ရှိ စစ်ကော်မရှင်တပ်လက်အောက်ခံ မြို့မရဲစခန်းကို အနီးကပ် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ Myaung Ogre Column ဆီက သိရပါတယ်။

ဧပြီ ၂၅ ရက် မနက် ၇ နာရီခန့်မှာ Myaung Ogre Column – မြောင်ဘီလူးစစ်ကြောင်းတပ်ဖွဲ့၀င်တွေက ခန့်မှန်းအင်အား ၁၀၀ ဝန်ကျင်ရှိတဲ့ မြောင်မြို့မရဲစခန်းကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ၁၅ မိနစ်ကြာ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“မနက် ၇ နာရီအချိန်ခန့်မှာ စစ်ကိုင်းတိုင်းမြောင်မြို့ပေါ်မှာရှိတဲ့ စကစ စခန်းကို တော်လှန်ရေးအဖွဲ့ MOC မြောင်ဘီလူးစစ်ကြောင်းကနေ သွားရောက်ပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စကစဘက်မှ ၂ ဦးအပြင်းအထန် ဒဏ်ရာရပါတယ်” လို့ Myaung Ogre Column တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒီပစ်ခတ်မှုအတွင်း စစ်ကောင်မရှင်တပ်ဖွဲ့၀င် ၂ ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး ကာကွယ်ရေးတပ်တွေဘက်က ထိခိုက်မှု‌တွေမရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဖေဖော်ဝါရီလထဲမှာ မြောင်မြို့နယ် ဒေသတွင်း Local PDF တပ်ဖွဲ့တွေဖြစ်တဲ့ MRF တပ်ဖွဲ့ ၁၊ တပ်ဖွဲ့ ၂၊ HERO တပ်ဖွဲ့၊ BLOOD BROTHERS တပ်ဖွဲ့နဲ့ MYAUNG LOCAL တပ်ဖွဲ့တို့ပူးပေါင်းပြီး Myaung Ogre Column အဖြစ်ဖွဲ့စည်းခဲ့တာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၄ ရက်ကလည်း မြောင်မြို့မရဲစခန်းကို ဒေသခံကာကွယ်ရေး‌တပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်ရှင်တပ်ဖွဲ့၀င်တွေ ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

သတင်း – ဇော်၊ စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။