6 October 2026 11:31 AM

ဝက်ထီးကန်က စစ်တပ်ခန့်ကျေးရွာအုပ်ချုပ်ရေးမှူး အသတ်ခံရ

0 16
0 16

ပြည်၊ ဧပြီ ၂၇၊၂၀၂၆။

ပဲခူးအနောက်ခြမ်း၊ ပြည်မြို့နယ်၊ ၀က်ထီးကန်နယ်မြေ၊ အင်း၀င်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရာ သေဆုံးခဲ့တယ်လို့ ဧပြီ ၂၆ ရက်မှာ ပြည်ခရိုင် တပ်ရင်း ၂ က သတင်းထုတ်ပြန်ပါတယ်။

ဧပြီ ၁၈ ရက် နေ့လယ် ၁၂ နာရီခန့်မှာ ပေါင်းတလည်မြို့နယ်၊ ဒွကျေးရွာအနီးမှာ အုပ်ချုပ်ရေးမှူး တင်မောင်စန်းဆိုသူကို ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၁ ကွပ်ကဲမှုအောက်မှာရှိတဲ့ ပြည်ခရိုင် တပ်ရင်း၂ တပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

“စောင့်ကြည့်ပြီးတော့ ဒေသခံတွေကနေပြီးတော့ပေးတဲ့အချက်အလက်နဲ့ ကျနော်တို့ နယ်မြေကို ပြန်ပြီးတော့ စုံစမ်းစစ်ဆေးပြီးတော့ ဒီလိုအရေးယူဆောင်ရွက်တာဖြစ်ပါတယ် “လို့ ပြည်ခရိုင် တပ်ရင်း ၂ ရဲ့ သတင်းနဲ့ပြန်ကြားရေးတာ၀န်ခံ တပ်ဖွဲ့ဝင် Redstar ကပြောပါတယ်။

သူဟာ ၂၀၂၆ မတ် ၂ ရက်မှာ စစ်ကော်မရှင်ကပေးတဲ့ လယ်ယာစီးပွားထူးချွန်ဆု တတိရအဆင့်ရထားသူဖြစ်တယ်လို့ ဆိုပါတယ်။

အုပ်ချုပ်ရေးမှူးတင်မောင်စန်းဟာ စစ်မှုထမ်းစုတာ၊ ဒေသခံတွေကိုဖမ်းဆီးပြီး ငွေနဲ့ပြန်ရွေးခိုင်းတာ၊ ဝက်ထီးကန်နယ်မြေရဲစခန်းက ရဲတပ်သားတွေနဲ့ပူးပေါင်းတဲ့အပြင် စစ်ကော်မရှင်ခန့် ပဲခူးတိုင်းဝန်ကြီးချုပ် မျိုးဆွေဝင်းနဲ့ရင်နှီးမှုယူကာ ဒေသခံတွေကိုရိုင်းပြစော်ကားတာတွေလုပ်တာ၊ လောင်းကစားဝိုင်းမှာ ငွေကောက်ခံပေးတာတွေကြောင့် ခုလိုပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၅ ရက် နေ့လယ်၂ နာရီခန့်ကလည်း ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့၊ ညောင်ဝင်းကျေးရွာအုပ်စု ညောင်ဝင်း‌ကျေးရွာ အုပ်ချုပ်ရေးမှူး ဇော်မင်း(ခ)ကုလားဆိုသူကို ပြည်ခရိုင် တပ်ရင်း ၂၊ တပ်ခွဲ ၄ နဲ့ ပြည်ခရိုင်တပ်ရင်း ၁၊ တပ်ခွဲ ၄ တပ်ဖွဲ့၀င်တွေက ပစ်ခတ်ရာသေဆုံးခဲ့ပါသေးတယ်။

သတင်း – ဇော်၊ စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။