ထီးလင်းမြို့နယ် ရဲတပ်ဖွဲ့က ရဲတပ်သားတဦး CDM ပြုလုပ်

0 1
0 1

မကွေး၊ ဇန်နဝါရီ ၁၅၊ ၂၀၂၅။

မကွေးတိုင်း၊ ထီးလင်းမြို့နယ် ရဲတပ်ဖွဲ့ဝင် ၁ ဦးဖြစ်တဲ့ ကိုနေမျိုးလင်းဟာ ဇန်နဝါရီ ၁၁ ရက် ညက Yaw Revolution Army တပ်ဖွဲ့ဆီ CDM ပြုလုပ်လာတယ်လို့ ဒေသခံတော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။

မြို့နယ်ရဲတပ်ဖွဲ့မှာတာဝန်ကျတဲ့ ရဲတပ်သားတွေကို လက်နက်ဖြုတ်သိမ်းထားပြီး ညကင်းသမားတွေကိုသာ လက်နက်ကိုင်ဆောင်ခွင့်ပြုထားတာကြောင့် CDM ပြုလုပ်ချိန် သေနတ်ယူမလာနိုင်ဘဲ စကားပြောစက်၊ MAကျည် ၁၈၆ တောင့်နဲ့ လက်ပစ်ဗုံး ၁ လုံးကိုသာ ယူလာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“ကောင်းကောင်းမွန်မွန်ပဲ ကျွေးမွေး ပြီးတော့မှ ဒီတိုင်းထားတယ်ပေါ့နော့်။ နောက်စိတ်ချပြီ၊ ရပြီဆိုရင် သူသွားချင်တဲ့ဆီကို ပြန်ပြီးတော့မှ ပို့ဆောင်ပေးမယ်လို့ သိရတယ်။”လို့ YRAနဲ့ နီးစပ်တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

အခုလက်ရှိ CDM ပြုလုပ်လာတဲ့ ရဲတပ်သားကိုတော့ YRAခရိုင်တပ်ရင်းမှာ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

၂၀၂၄ ဩဂုတ်လကလည်း ထီးလင်းမြို့ပေါ်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုဟိန်းသူအောင်ဟာ စနိုက်ပါ ၁ လက်နဲ့အတူ YRA တပ်ဖွဲ့ဆီ CDM ပြုလုပ်ခဲ့တယ််လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာ ၁ လအတွင်း နိုင်ငံတဝှမ်းမှာ ဒုရဲအုပ် ၁ ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်သား ၂၈ ဦး ပြည်သူ့ရင်ခွင်ကို ခိုလှုံခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဇန်နဝါရီ ၆ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ – ယောအလင်းတန်း

သတင်း – ကိုစည်သူ၊ စာတည်း – ချယ်ရီ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။