အရာတော်၊ ကမ်းဖြူရွာဘုန်းကြီးကျောင်း ဗုံးကြဲခံရလို့ သံဃာ ၂ ပါးထိခိုက်

0 1
0 1

အရာတော်၊ ဧပြီ ၉၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ကမ်းဖြူရွာကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သံဃာတော် ၂ ပါး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧပြီ ၈ ရက် ညနေ ၄ နာရီခန့်မှာ ဒရုန်း ၃ စီးနဲ့ ဗုံးကြဲခဲ့ရာ အဆိုပါတိုက်ခိုက်မှုဟာ ကမ်းဖြူရွာဘုန်းကြီးကျောင်း ၃ ကျောင်းပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး ဆရာတော် ၂ ပါး ထိခိုက်ဒဏ်ရာရခဲ့ပြီး သာသနိက အဆောက်အအုံတချို့ ပျက်စီးခဲ့ရတယ်လို့ ကမ်းဖြူရွာခံတဦးက မြေလတ်အသံကို ပြောပါတယ်။

“ထိတာက ဆရာတော် ၂ ပါး၊ ၁ ပါးက ဆီးခုံထိတာ။ ၁ ပါးက နားထင်ကို မိုင်းစမှန်တာ၊ အဲဒီဆရာတော်က မစိုးရိမ်ရဘူး။ ဆီးခုံထိတဲ့ ဆရာတော်ကတော့ နည်းနည်း စိုးရိမ်ရတယ်။ ကပ္ပါယ်အိတ် ဖြတ်ရမှာလို့ ပြောတယ်။” လို့ ရွာခံတဦးက ပြောပါတယ်။

ဒီပေါက်ကွဲမှုကြောင့် ရှေးဟောင်းပြဿာဒ်ဘုရား ၁ ဆူ၊ ဓမ္မာရုံ ၁ လုံးနဲ့ ရေစင်တွေလည်း ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

အရာတော် စခတ ၁၀ လေ့ကျင့်ရေးတပ်စခန်း (အမှတ် ၁၀ စစ်အခြေခံလေ့ကျင့်ရေးတပ်) ကနေ ဧပြီလ စတုတ္ထပတ်ကစလို့ ကမ်းဖြူရွာနဲ့ မနောယမရွာတွေကို စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတွေလည်းအလုပ်လုပ်ကိုင်ရဖို့ အခက်တွေ့နေကြတယ်လို့ ဆိုပါတယ်။

“ပြည်သူတွေကတော့ အလုပ်တွေ ဘယ်လုပ်နိုင်ဦးမှာတုန်း၊ စစ်ဘေးရှောင်နေရတာ၊ နေ့ကျ ကိုယ့်အိမ်ကိုယ် ပြန်ချက်စား၊ ညဘက်ဆို ရွာပြင်ထွက်အိပ်ရတာ၊ အလုပ်ကတော့ ဘယ်လုပ်နိုင်ဦးမှာတုန်း၊ စစ်ကြောင်းက ရှိသေးတာကို။” လို့ ကမ်းဖြူရွာခံတဦးက မြေလတ်အသံကို ပြောပါတယ်။

မတ်လ ၃၀ ရက်ကလည်း အဆိုပါစစ်ကြောင်းက ကမ်းဖြူကျေးရွာက သက်လတ်ပိုင်း အမျိုးသား ၁ ဦးကို ပစ်သတ်ခဲ့ပါသေးတယ်။

စစ်ကော်မရှင်တပ်က စစ်ရေးနဲ့ မသက်ဆိုင်တဲ့ သာသနာ့နယ်မြေတွေ၊ စာသင်ကျောင်းနဲ့ ဆေးရုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးအသိ၊ သတိနဲ့ နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေက သတိပေးလှုံ့ဆော်မှုတွေလည်း ရှိနေပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။