ပြည်မြို့ရှောင်လမ်းမှာ ခရီးသည်ကား ၁ စီး မီးလောင်

0 1
0 1

ပဲခူး၊ ဇန်နဝါရီ ၂၈၊ ၂၀၂၅။

ပဲခူးတိုင်း၊ ပြည်မြို့၊ မြို့ရှောင်လမ်းရှိ ငွေဗျိုင်းဖြူ ဆီဆိုင်အနီးမှာ ခရီးသည်တင်ကားတစီး မီးလောင်ခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့သူတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၂၇ ရက်ညနေ ၃ နာရီခွဲမှာ ရန်ကုန်ဘက်ကနေ ပေါက်ခေါင်းမြို့ဘက်ကို ခရီးသည် ၁၂ ဦး တင်ပြီး မောင်းနှင်လာတဲ့ကား မီးလောင်ခဲ့တာလို့ဆိုပါတယ်။

“အိတ်ဇော(Exhaust)အပူလွန်ကဲပြီး မီးလောင်တာလို့တော့ သိရတယ်။ မောင်းနေရင်း မီးလောင်တာပေါ့။ ကားကတော့ကုန်သွားတယ်။ ခရီးသည်တွေကတော့ အချိန်မီဆင်းနိုင်သွားတာ”လို့ ကူညီကယ်ဆယ်ရေးမှာပါဝင်ခဲ့သူတဦးက ပြောပါတယ်။

မီးလောင်တဲ့အတွက်ကားပေါ်ပါ ခရီးသည်တွေထိခိုက်တာမျိုးမရှိဘဲ ကားတစီးလုံးကတော့ မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

မီးလောင်ချိန် ပြည်မြို့နယ်မီးသတ်၊ အရန်မီးသတ်တွေနဲ့လူမှုကူညီရေးအသင်းတွေက ဝိုင်းဝန်းမီးငြှိမ်း သတ်ခဲ့ကာ မီးလောင်ပြီးတနာရီခန့်အကြာမှာ မီးငြိမ်းခဲ့တယ်လို့ သိရပါတယ်။

၂၀၂၃ ဒီဇင်ဘာ ၁၈ ရက်ကလည်း ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ငါးပုံးတွေတင်ပြီးမောင်းနှင်လာတဲ့ ကုန်တင်ကားမီးလောင်မှုဖြစ်ပြီး ၁ ကားလုံးပျက်စီးခဲ့ပါသေးတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။