ရွှေဘိုမှာ စစ်ကူလာတဲ့စစ်သားတွေ မိုင်းဆွဲခံရလို့ သေဆုံးမှုရှိ

0 1
0 1

စစ်ကိုင်း၊ ဇွန် ၈၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က ပျူစောထီးကျေးရွာကို ဇွန်လ ၆ ရက်မနက်က LPDF မဟာမိတ်တွေ ဝင်ရောက်တိုက်ခိုက်ချိန် စစ်ကူလာတဲ့ စစ်သားတွေကို အသင့်ထောင်ထားတဲ့မိုင်းနဲ့ တိုက်ခိုက်ခဲ့လို့ သေဆုံးဒဏ်ရာရသူတွေရှိတယ်လို့ တောင်သူဦးကြီးမျာအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

စစ်သား ၄ ဦး၊ ပျူစောထီးအင်အား ၄၀ ဦးလောက်နဲ့လွန်ခဲ့တဲ့၂ နှစ်လောက်ကတည်းက တပ်စွဲထားတဲ့ တည်သီးတောရွာကို မနက် ၄ နာရီခွဲလောက်မှာတိုက်ခိုက်ချိန် စစ်ကူလာတဲ့ စစ်သားတွေမိုင်းဆွဲခဲ့တာလို့ ဆိုပါတယ်။

“ပန်းရံရွာကနေ စစ်သား ၁၂ ဦး ကားအသေးနဲ့လာတယ်။ ဇီးဖြူကုန်းရွာမြောက်ဖက် မူးဘောင်ပေါ်မှာ ကားကိုထားပြီး ခြေလျင်လျှောက်ပြီး ၆၀ မမ၊ ၄၀ မမရယ် သေနတ်တွေဖောက်လာတာ တည်သီးတော ပျူခေါင်းဆောင်မောင်ဆန်းအထိုင်ချနေကျ လင့်စင်(တဲ)နားလည်းရောက်ရော အသင့်ထောင်ထားတဲ့ မိုင်း ၅ လုံးနဲ့ဆွဲခဲ့တာ”လို့ တောင်သူလယ်သမားအဖွဲ့ခေါင်းဆောင် ကိုခင်မောင်လင်းက ပြောပါတယ်။

မိုင်းဆွဲခံရတဲ့အတွက် ၄၀ မမ လက်နက်ကြီးပစ်တဲ့တဦးအပါစစ်သား ၄ ဦးပွဲချင်းပြီးသေပြီး ၂ ဦးပြင်းထန်ဒဏ်ရာရလို့ ပျူစောထီးသီးလုံးရွာက ဗိုလ်ကြီးတင်ထွန်းအောင်ဦးဆောင်အလောင်းကောက်ပြီး သေဆုံးဒဏ်ရာရ စစ်သားတွေကို ရွှေဘိုဆေးရုံကြီးကိုသယ်ဆောင်သွားတယ်လို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီဘက်က စစ်သား ၄ ဦးသေဆုံးတာနဲ့ ပတ်သက်ပြီး မြေလတ်အသံက သီးခြားအတည်ပြုချက်မရသေးဘဲ လက်ရှိမှာ တည်သီးတောရွာအနီး လှုပ်ရှားမှုမတွေ့ရသေးဘဲ မြေပြင်အခြေအနေတည်ငြိမ်နေတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်း ရွှေဘို LPDF၊ တောင်သူဦးကြီးများအဖွဲ့ ရွှေဘို(LPDF)၊ရွှေလင်းယုန် ရွှေဘို (LPDF)၊ ဗိုလ်ဂျပန်ကြီး(T.T.T) ရွှေဘို (LPDF)၊ Dog Killer Shwebo (LPDF)၊ ဖားရွှေကျော် ဒီပဲယင်း(LPDF)အဖွဲ့၊ ကျားပျံရွှေဘို (LPDF)တို့ ပူးပေါင်းခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၁ ရက်မနက်ကလည်း ရွှေဘိုမြို့နယ်တည်သီးတော၊ ညောင်ကိုင်း၊ ဇီးဖြူကုန်းရွာမှ မိုင်းရှင်းလင်းရေးလုပ်ဖို့ထွက်လာတဲ့ စစ်သားနဲ့ပျူစောထီးတွေဟာ တောင်သူဦးကြီးများ SHWEBO -LDFအဖွဲ့နဲ့မဟာမိတ်တွေထောင်ထားတဲ့ မိုင်းနင်းမိပြီး စစ်သားနဲ့ပျူစောထီးအဖွဲ့ဝင်အချို့ သေဆုံးခဲ့ပါသေးတယ်။

စာတည်း – ဇို

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။