ရှေ့တန်းမှာမိုင်းထောင်ရင်း မတော်တဆဖြစ်လို့ PDF ဒုတပ်စုမှူးအပါ ၂ ဦး ကျဆုံး

0 12
0 12

ကြို့ပင်ကောက်၊ ဇန်နဝါရီ ၂၁၊ ၂၀၂၆။

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်အတွင်းက စစ်ဆင်ရေးတခုမှာ မိုင်းမတော်တဆမှုဖြစ်ပွားပြီး သာယာဝတီခရိုင်တပ်ရင်း ၁၊ တပ်ခွဲ ၁ က ဒုတပ်စုမှူးအပါ ၂ ဦး ကျဆုံးခဲ့တယ်လို့ အဲ့ဒီတပ်ဖွဲ့က ဇန်နဝါရီ ၂၁ ရက် ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ကျဆုံးသွားသူတွေက သာယာဝတီခရိုင်တပ်ရင်း ၁၊ တပ်ခွဲ ၁ရဲ့ ဒုတပ်စုမှူး အသက် ၂၂ နှစ်အရွယ် တပ်ဖွဲ့ဝင် ကြယ်ကြီး (ခ) ဆန်းမျိုးဝင်း နဲ့ အသက် ၁၇ နှစ်အရွယ် ရဲဘော်ရှိုင်းလေး (ခ) ထက်ရှားအောင် တို့ဖြစ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက် မနက်ပိုင်းမှာ စစ်ကော်မရှင်စစ်ကြောင်းကို မိုင်းထောင်ရာ မတော်တဆဖြစ်ပြီး ကျဆုံးခဲ့ရတာလို့ ဆိုပါတယ်။

” ရန်သူတက်လာမယ့်လမ်းကြောင်းကို မိုင်းသွားထောင်ရင်း မိုင်း error တက် (မတော်တဆဖြစ်) သွားတာ။ ကိုယ်မိုင်းနဲ့ကိုယ် error တက်ပြီးဖြစ်တာပါ။ ဖြစ်တဲ့နေရာမှာတင် ပွဲချင်းပြီးကျသွားတာ။” လို့ သာယာဝတီခရိုင် တပ်ရင်း ၁၊ တပ်ခွဲ ၁ တပ်ခွဲမှူး ကရင်လေးက ပြောပါတယ်။

ပဒေသာမိုင်း ၄ လုံးတွဲထောင်စဥ်မှာ မတော်တဆဖြစ်ခဲ့တာဖြစ်ပြီး မိုင်းထောင်နေသူ ၄ ဦးအနက် အထက်ပါတပ်ဖွဲ့ဝင် ၂ ဦးမှာ နေရာမှာတင်ကျဆုံးခဲ့ကာ ကျန်၂ ဦး က ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

မိုင်းထိကျဆုံးသွားတဲ့ တပ်ဖွဲ့ဝင်တွေရဲ့ စျာပနကို တိုက်ပွဲအခြေနေတွေကြောင့် ဇန်နဝါရီ ၂ ရက်မှာ ပြုလုပ်ပေးခဲ့ရပြီး ကျဆုံးတပ်ဖွဲ့ဝင် ၂ ဦးဟာ တပ်ရင်းအတွက်အားကိုးရပြီးစည်းကမ်းကောင်းသူတွေဖြစ်လို့ တပ်ရင်းနဲ့တော်လှန်ရေးအတွက် နာနစ်မှုတွေရှိတယ်လို့ ဆိုပါတယ်။

ဒုတပ်စုမှူး ရဲဘော်ကြယ်ကြီး ခ ဆန်းမျိုးဝင်းဟာ ၂၀၂၂ ကတည်းက တော်လှန်ရေးမှာပါဝင်လာသူဖြစ်ကာ တိုက်ပွဲပေါင်း ၃၀ ကျော် အတွေ့အကြုံရှိသူဖြစ်သလို ရဲဘော်ရှိုင်းလေး (ခ) ထက်ရှားအောင်ကတော့ တပ်ခွဲကို ရောက်ရှိတာဝန်ထမ်းဆောင်တာ ၁ နှစ်ကျော်လောက်သာရှိသေးတယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်း ၅ နှစ်နီးပါးကာလအတွင်းမှာ သာယာဝတီ ခရိုင်တပ်ရင်း ၁၊ တပ်ခွဲ ၁က တပ်ဖွဲ့ဝင် ၇ ဦးအထိကျဆုံးထားပြီး ၅ ဦးမှာ တိုက်ပွဲအတွင်းကျဆုံးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။