ပေါင်းတည်မှာ စစ်ကောင်စီတပ် ခြုံခိုတိုက်ခိုက်ခံရလို့ စစ်သားတဦး သေဆုံး

0 1
0 1

ပဲခူး၊ ဇွန် ၆၊ ၂၀၂၃။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်၊ ပဲခူးရိုးမအစပ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီ တပ်သားတွေကို ဇွန်လ ၅ ရက်မှာ ခြုံခိုတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားတဦး သေဆုံးသွားတယ်လို့ ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PPDF က သတင်းထုတ်ပြန် ထားပါတယ်။

ပေါင်းတည်မြို့နယ်၊ ရွှေလေတောင်ပေါ်ဒေသကို အင်အား ၄၀ ဝန်းကျင်နဲ့ ခြေလျင်စစ်ကြောင်းထိုးလာချိန် ထန်းကုန်းရွာနဲ့ ကြို့ကုန်းရွာကြားအရောက် မနက် ၁၁ နာရီလောက်မှာ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ဒီကောင်တွေ တယောက်လည်းသေရော ၆၀ မမရယ်၊ RPG ရယ်နဲ့ပစ်တာက ၁၀ ချက်လောက်ရှိမယ်။ လက်နက်ငယ်နဲ့ ရမ်းပစ်တာက အချက်ရေပေါင်းဆိုတာမနည်းဘူး။ တတောလုံးဆူညံသွားတာပဲ။ မိနစ် ၂၀ လောက်ကိုပစ်တာ”လို့ ပေါင်းတည် PPDF ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ပြန်လည်ပစ်ခတ်ပြီးတဲ့နောက် အဲ့ဒီစစ်ကြောင်းဟာ အနီးရှိ ဒေသခံတွေရဲ့ ယာတဲ ၃ လုံးကို မီးရှို့ခဲ့ကာ သေဆုံးတဲ့စစ်သားကို စောင်ပုခက်နဲ့ ထမ်းပြီး သိမ်ကုန်းကျေးရွာက တပ်စခန်းကို ပြန်သယ်သွားတယ်လို့ သူကဆက်ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၃၆၀၁၊ PPDF တပ်ရင်းက တိုက်ခဲ့တာလို့သိရပြီး တိုက်ခိုက်ရေးရဲဘော်တွေ အန္တရာယ်ကင်းခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့မှာ ပေါင်းတည်မြို့နယ်၊ ဘန့်ဘွေးကန်ရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ ကို ကင်းလှည့်ထွက်လာချိန် တိုက်ခိုက်ခဲ့လို့ စစ်သား ၁ ဦးသေဆုံးပြီး မေလ ၂၈ ရက်မှာတော့ သစ်ပုတ်အုပ်စုမှာ စစ်ကြောင်းထွက်လာတဲ့စစ်ကြောင်းကို တိုက်ခိုက်ရာ ၂ ပွင့်စစ်ဗိုလ် ၁ ဦးသေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ဇွန်လ ၃ ရက်မှာလည်း လက်ပံခုန်ရွာအနီးမှာ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့လို့ စစ်သား ၁ ဦးသေဆုံးခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။