31 July 2026 5:57 AM

မုန်တိုင်းကြောင့် ပျက်စီးမှုရှိခဲ့တဲ့ ကျေးရွာကို PDF က ကူညီပြုပြင်

0 1
0 1

မကွေး၊ မေ ၁၇၊ ၂၀၂၃။

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရေကြီးရေလျှံပြီး ပျက်စီးမှုရှိခဲ့တဲ့ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းက ကျေးရွာတရွာမှာ ကူညီပြုပြင်မှုတွေလုပ်ပေးခဲ့တယ်လို့ ပခုက္ကူခရိုင်တပ်ရင်း – ၁၃ ဆီက သိရပါတယ်။

မေလ ၁၅ ရက်နေ့မှာ ပြုလုပ်ပေးခဲ့တာဖြစ်ပြီး၊ ရဲဘော် အင်အား၂၀ ဦးနဲ့ လုပ်ပေးခဲ့တာလို့ ပခုက္ကူခရိုင်တပ်ရင်း – ၁၃ မှ သတင်းတာဝန်ခံက မြေလတ်အသံကိုပြောပါတယ်။

“ချောင်းအစပ်ကအိမ်တွေကို ရေတက်နေတဲ့အချိန် ကူညီကယ်ထုတ်ရပါတယ်၊ ရေတွေဝင်တာများလို့ ထုတ်ပေးတာ။ လမ်းတွေအိမ်တွေ ခြံစည်းရိုးပျက်စီးတာတွေ ပြင်ပေးခဲ့တယ်”လို့ ပြောပါတယ်။

အဓိက ဆုံးရှုံးမှုကတော့ ပြည်သူတွေအသက်မွေးဝမ်းကျောင်းပြု စိုက်ပျိုးနေတဲ့ နှမ်း၊ ကြက်သွန်၊ ကွမ်းခြံတွေ ပျက်စီးပြီး၊ နေအိပ်ပျက်စီးမှု၊ တိရစ္ဆာန်သေဆုံးမှုတွေလည်းရှိကာ အခြားရွာနဲ့ဆက်သွယ်ထားတဲ့ တံတားလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

မိုခါမုန်တိုင်းကြောင့် ပခုက္ကူမြို့နယ်အတွင်းမှာ စပါး၊ နှမ်း၊ ကွမ်း စိုက်ပျိုးခြံ ၃၄ ခြံ၊ ကြက်သွန်ကုန်ချိန် ၂ သောင်း၊ နွား ၇ ကောင်နဲ့ ဆိတ် ၁၆ ကောင်ထက်မနည်း သေဆုံးပျက်စီးခဲ့တယ်လို့ ပခုက္ကူခရိုင်တပ်ရင်း – ၁၃ရဲ့ စုံစမ်းထားမှုအရ သိရပြီး၊ ဒီအရေအတွက်တွေထက်လည်း ပိုများနိုင်တယ်လို့ ဆိုပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။