မုန်တိုင်းသင့်ပြီး စခန်းမှာထောင်ထားခဲ့တဲ့ ပဒေသာမိုင်းတွေနဲ့ စာဖတ်ခန်းကစာအုပ်တွေပျက်စီးသွား

0 3
0 3

မကွေး၊ မေ ၁၇၊ ၂၀၂၃။

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အခြေစိုက်ဖြစ်တဲ့ မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ (MRG) တပ်ဖွဲ့ဟာ မိုခါမုန်တိုင်းကြောင့် စခန်းကရှောင်တိမ်းခဲ့ရချိန် စခန်းမှာထောင်ထားခဲ့တဲ့ ပဒေသာမိုင်းတွေနဲ့ စာဖတ်ခန်းကစာအုပ်တွေ ပျက်စီးသွားခဲ့တယ်လို့ အဲဒီအဖွဲ့ဆီက သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေ စခန်းထဲကိုဝင်လာပါက ဖေါက်ခွဲဖို့အတွက် ကြိုတင်ထောင်ထားတဲ့ ပဒေသာမိုင်းတွေဟာ ရေတိုက်စားမှုကြောင့် သဲတွေဝင်ပြီး ပျက်စီးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“အဲ့နေ့က စစ်ကြောင်းနဲ့ မုန်တိုင်းကြောင့်ဌာနေကနေစွန့်ပြီး သွားခဲ့ရတယ်ဗျ။ စစ်ကြောင်းကလည်း သာလွန်အင်အားနဲ့ထိုးလာလို့ ရှောင်ခဲ့ရတယ်။ ပဒေသာမိုင်းကို ကျနော်တို့ စခန်းမှာသေချာထားခဲ့တာ ကျနော်တို့စခန်းကိုသာ စစ်ကြောင်းထိုးခဲ့ရင် အချိန်မီ မိုင်းခွဲဖို့ ပြင်ဆင်ထားလို့ပါ။ စခန်းထဲပြန်ရောက်လာတော့ အဲဒီမိုင်းတွေက ချောင်းရေကြောင့် သဲထုအောက်ကို မြုပ်ပြီးပျက်စီးသွားတယ်” လို့ မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

MRG တပ်ဖွဲ့ဟာ မိုခါမုန်တိုင်းကြောင့် ပြည်သူတွေကိုအန္တရာယ်ကင်းအောင် ရွာပြင်ထုတ်ပြီးဘေးလွတ်ရာကို ပို့ဆောင်ပေးဖို့အတွက် စခန်းထဲက အရေးကြီးပစ္စည်းတချို့ကိုသာယူပြီး စခန်းကနေ မေလ ၁၃ ရက်နေ့မှာ ထွက်ခွာခဲ့ပြီး မေလ ၁၆ ရက်နေ့မှာတော့ စခန်းထဲကိုပြန်လည်ဝင်ရောက်လာချိန် သဲတွေနဲ့ပြည့်နှက်နေတဲ့ ပဒေသာမိုင်းတွေကို တွေ့ရှိခဲ့ရတာပါ။

ပျက်စီးသွားတဲ့ ပဒေသာမိုင်းတန်ဖိုးဟာ ငွေကြေးအားဖြင့် သိန်း ၆၀ ဝန်းကျင်လောက်ရှိပြီး ၅ လုံးတွဲပဒေသာမိုင်းဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် စခန်းစာကြည့်တိုက်ကစာအုပ် ၃၀ နီးပါးလည်း ရေစိုပျက်စီးသွားခဲ့တယ်လို့လည်း သိရပါတယ်။

“စခန်းကိုမနေ့ကပြန်ရောက်လာပါပြီ၊ စခန်းအထိတော့ ကားတွေ၊ ဆိုင်ကယ်တွေ သွားမရပါဘူး၊ ကားနဲ့ဆိုင်ကယ်တွေကိုတော့ အနီးနားမှာရှိတဲ့ရွာမှာ ထားခဲ့ရတယ်။ ချောင်းရေတွေတိုက်စားသွားလို့ လမ်းဆိုတာမရှိတော့ဘဲ ချောင်းပြင်ကြီးဖြစ်သွားတာဗျ၊ အခုထိတော့လမ်းတွေကိုပြုလုပ်နေတုန်းပါ။ စားဖို့က လောလောဆယ်တော့ ရွာကပေးတာနဲ့ချက်ပြုတ်ပြီး ဌာနေကို ခြေလျင်နဲ့သယ်နေကြတယ်” လို့ တပ်ဖွဲ့ကထပ်မံ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့ကတော့ မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ဟာ မြိုင်နယ်ထဲကကျေးရွာမှာ ဆေးခန်းသန့်ရှင်းရေးတွေကိုလည်း သွားရောက်ပြုလုပ်ပေးခဲ့ပါတယ်။

စာတည်း- 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။