31 July 2026 4:57 AM

ရေလှောင်ကန်ထဲသတိလစ်နေတဲ့သူကို ဆင်းကယ်တဲ့အမျိုးသား အောက်ဆီဂျင်ပြတ်သေဆုံး

0 1
0 1

မန္တလေး၊ မေ ၁၇၊ ၂၀၂၃။

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၂၃ လမ်း၊ ၆၃ / ၆၄ ကြားရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ မေလ ၁၇ ရက် ဒီကနေ့ မနက် ၉ နာရီဝန်းကျင်က ပန်းရံအလုပ်သမားအမျိုးသားတဦး အောက်ဆီဂျင်ပြတ်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူဟာ အသက် ၂၅ နှစ်အရွယ် ပန်းရံအလုပ်သမားဖြစ်ပြီး ဆောက်လုပ်ရေးဆိုက်က ငါးပေအနက်ရှိတဲ့ရေလှောင်ကန်အတွင်းသတိလစ်မေ့မျောနေတဲ့ ပန်းရံအလုပ်သမားတဦးကို ဆင်းပြီးကယ်ဆယ်ရာမှ အောက်စီဂျင်ပြတ်သေဆုံးခဲ့တာလို့ နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ရေလှောင်ကန်ကို ကွန်ကရစ်လောင်းပြီးသွားလို့ ကန်ထဲက ဘုတ်ပြားတွေကို ဆင်းဆယ်တာကနေ သတိလစ်သွားတဲ့အလုပ်သမားကို သူကဆင်းကယ်တာ။ အဲ့ဒီကောင်လေးကို ကျနော်တို့ရောက်တော့ ဆွဲတင်ပြီးပြီးချင်း အောက်ဆီဂျင်တွေပေးသေးတယ် မရတော့ဘူး။ အဲဒီနေရာမှာပဲ ဆုံးသွားတယ်” လို့ ပြောပါတယ်။

ရေလှောင်ကန်အတွင်း သတိလစ်မေ့မျောခဲ့တဲ့ အလုပ်သမားကိုတော့ မန္တလေးဆေးရုံကြီးကို ပို့ဆောင်ကုသပေးနေပြီး ပြန်လည်သက်သာလာပြီလို့ ဆိုပါတယ်။

သေဆုံးသူကို မန္တလေးဆေးရုံကြီးရှိ ရင်ခွင်ရုံကိုပို့ဆောင်ထားပြီး မေလ ၁၈ ရက် မနက်ဖြန်မှာ မီးရှို့သင်္ဂြိုဟ်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။