မုံရွာမြို့လယ်ခေါင်နာရီစင်အနီး ကားတာယာကွင်းကို မီးရှို့ပြီး ဆန္ဒပြ

0 1
0 1

မုံရွာ၊ မေ ၇၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့လယ်ကနာရီစင်မှာ မေလ ၇ ရက်ဒီနေ့မနက် ၇ နာရီက စစ်အာဏာရှင်ဆန့်ကျင်ရေးစာတန်းပါ ဘန်နာကို မုံရွာလူငယ်အစည်းအရုံးမှ အဖွဲ့ဝင်လူငယ်တွေက စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် ချိတ်ဆွဲခဲ့တယ်လို့ သိရပါတယ်။

“အခုချိန်ထိ သူတို့က လုံးဝအုပ်ချုပ်လို့မရပါဘူး။ ဒါကိုပြသလိုတာရယ်၊ သူတို့(စစ်တပ်)တွေ မခံမရပ်နိုင် ဖြစ်အောင် “အုပ်ချုပ်လို့တော့မရဘူး၊ ဒုတ်စုပ်လို့တော့ရမယ်”စာသားကို ကင်းပုန်းတွေရှိတဲ့ကြားက မြို့လယ်ခေါင်မှာ ချိတ်ဆွဲခဲ့တာပါ”လို့ မုံရွာလူငယ်အစည်းအရုံးဝင်တဦးက ပြောပါတယ်။

ဒါ့အပြင် စာတန်းချိတ်ဆွဲအပြီးမှာ အဲဒီနာရီစင်နာရီရှေ့မှာပဲ ကားတာယာကွင်းကို မီးရိူ့ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။