စစ်ကောင်စီသတင်းပေးဆိုသူ ကြံ့ခိုင်ရေးပါတီဝင် ၂ ဦးကတိုင်လို့ စစ်ရှောင် ၄ ဦးဖမ်းဆီးခံရ

0 1
0 1

ပဲခူး၊ မေ ၆၊ ၂၀၂၃။

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ငှက်ပျောတောကျေးရွာခံ စစ်ကောင်စီသတင်းပေး ကြံ့ခိုင်ရေးပါတီစည်းရုံးရေးမှူး ဦးချစ်လွင်နဲ့ ရာအိမ်မှူး ဦးသိန်းလွင် တို့တိုင်လို့ စစ်ရှောင်အမျိုးသား ၄ ဦးကို စစ်ကောင်စီက မေလ ၃ ရက် ညနေ ၄ နာရီမှာ လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုဇွန်ကျေးရွာကနေ ငှက်ပျောတောရွာကဆွေမျိုးနေအိမ်မှာ လာရောက်စစ်ရှောင်နေတဲ့ အမျိုးသား ၄ ဦးကို PDFနဲ့ ဆက်စပ်သူတွေဆိုပြီး စကစသတင်းပေး ဦးချစ်လွင်နဲ့ ဦးသိန်းလွင်က တိုင်ကြားလို့ စစ်ကောင်စီက လာရောက်ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

“အဖမ်းခံရသူတွေက စစ်ဘေးရှောင်တွေပါ။ သူတို့ကို ချစ်လွင်နဲ့သိန်းလွင်အပါအဝင် စကစလေးယောက်က နေအိမ်ကနေဖမ်းလာတာ။ ညောင်လေးပင်မြို့က စစ်တပ်ထဲကိုခေါ်သွားတာပါ။ အိမ်ပိုင်ရှင်တွေကိုတော့ ဘာမှမလုပ်ခဲ့ဘူး။ ဒီလိုပဲ ချစ်လွင်နဲ့သိန်းလွင်က ပိုက်ဆံရဖို့ဆိုရင် ဘာမဆိုလုပ်နေကြတာ” လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ရွာခံတဦးက ဆိုပါတယ်။

အဖမ်းခံရသူတွေဟာ အသက် ၃၀ အရွယ်တွေဖြစ်ပြီး အမည်တွေကို မသိရသေးပါဘူး။ အဲဒီ ၄ ဦးထဲကတဦးကို မေလ ၄ ရက်မနက် ၈ နာရီကျော်မှာ ပြန်လွတ်ပေးခဲ့ပေမယ့် ကျန်တဲ့ ၃ ဦးမှာ မေလ ၆ ရက်ဒီနေ့အချိန်ထိ ပြန်မလွတ်လာကြသေးဘူးလို့ ရွာခံသားတွေက ပြောပါတယ်။

ဦးချစ်လွင်နဲ့ဦးသိန်းလွင်တို့မှာ ၂၀၂၁ နှစ်ဆန်းပိုင်းကလည်း ငှက်ပျောတောကျေးရွာက ဆန္ဒပြသူတွေကို စစ်တပ်နဲ့တိုင်လို့ အမျိုးသား ၄ ဦးဖမ်းဆီးခံခဲ့ရပြီး၊ အဲဒီထဲက ၂ ဦးမှာထွက်ပြေးလွတ်မြောက်သွားခဲ့ပေမယ့် ကျန် ၂ ဦးကတော့ တဦးကို ကျပ်သိန်း ၂၀ ပေးပြီး ၄ လအကြာမှာ ပြန်လည် လွတ်မြောက်ခဲ့ပါတယ်။

စာတည်း- လင်းဇေ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။