ထုတ်ပြန်ချက်ကိုမလိုက်နာလို့ ထိခိုက်ခဲ့ရင် တာဝန်ယူမှာမဟုတ်ဘူးလို့ Aera 71 အဖွဲ့ ထပ်မံထုတ်ပြန်

0 1
0 1

ချောင်းဦး၊ မေ ၁၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်အတွင်းက လမ်းပိုင်းတွေအတွက် ထုတ်ပြန်ထားတဲ့သတိပေးချက်တွေကို ပြည်သူတွေအနေနဲ့လိုက်နာပေးကြဖို့ Aera71 Peoples Defense Force Page2 အဖွဲ့က မေလ ၁ ရက် ဒီနေ့မနက်က ထပ်မံသတိပေးထုတ်ပြန်ပါတယ်။

ပြည်သူတွေဘက်က လိုက်နာမှုမရှိခဲ့လို့ ဖျက်သိမ်းခဲ့ရတဲ့ ဖောက်ခွဲရေးမစ်ရှင်များစွာရှိခဲ့ပြီး အသေးစားမစ်ရှင်တခုအတွက် ကြိုတင်ပြင်ဆင်စရိတ် ကျပ် ၅ သိန်းခန့်ကုန်ကျမှုရှိတာကြောင့် ငဲ့ညှာတော့မှာမဟုတ်ဘဲ လုပ်ငန်းအောင်မြင်တဲ့အထိ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ Aera 71 အဖွဲ့က ပြန်ကြားရေးတာဝန်ခံ Theo က မြေလတ်အသံကို ပြောပါတယ်။

” ဒီဘက်မှာ စစ်တပ်က အရပ်ဝတ်တွေအိမ်စီးကားတွေနဲ့ချည်း လှုပ်ရှားနေကြတော့ ကျနော်တို့ စာထုတ်လိုက်တဲ့အချိန် တချို့ပြည်သူတွေက မသိကြတာလား၊ ဘာလားတော့မသိဘူး။ စစ်တပ်ကကားတွေနဲ့ယှဉ်မောင်းလာတော့ ကျနော်တို့မှာ အရမ်းအကျပ်ရိုက်ရပါတယ်။ ပြောချင်တာကတော့ လမ်းပေါ်သွားလာလှုပ်ရှားနေကြတဲ့ ပြည်သူတွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေကို လေ့လာပြီးမှ အသွားအလာပြုကြစေချင်ပါတယ်” လို့ ပြောပါတယ်။

ဖျက်သိမ်းခဲ့ရတဲ့ မစ်ရှင်အရေအတွက်နဲ့ဆုံးရှုံးမှုတွေကိုတော့ လုံခြုံရေးအရထုတ်ဖော်ပြောဆိုတာမျိုးမရှိဘဲ အခုထုတ်ပြန်ချက်ဟာ ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်ဖြစ်တာကြောင့် လိုက်နာမှုမရှိလို့ ထိခိုက်မှုဖြစ်ပေါ် ပါက ဝမ်းနည်းရုံမှတပါး တာဝန်ယူနိုင်မှာမဟုတ်ဘူးလို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ချောင်းဦး-မုံရွာလမ်းပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတပ်စွဲပြီး စစ်ဆေးမှုကြမ်းတမ်းနေလို့ ဧပြီလ ၁၉ ရက်နေ့ကစတင်ကာ အဲ့ဒီလမ်းပိုင်းကို သေရေး၊ရှင်ရေးမှအပ အသုံးမပြုဖို့ ချောင်းဦး PDF က သတင်းထုတ်ပြန်ခဲ့ပါသေးတယ်။

စာတည်း-ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။