⁩ ⁨CDF-Asho တပ်ဦးချုပ်ပါ ၃ ဦး စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်ခံရလို့ ကျဆုံး

0 1
0 1

ငဖဲ၊ ဩဂုတ် ၁၇၊ ၂၀၂၆။

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဆုံကုန်းနဲ့ သာယာကုန်းကျေးရွာကြားမှာ CDF-Asho တပ်ဦးချုပ်ပါ ၃ ဦး စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်တာခံရလို့ ကျဆုံးခဲ့တယ်လို့ သက်ဆိုင်ရာတပ်ဖွဲ့က ဩဂုတ်လ ၁၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ကျဆုံးသူတွေက CDF-Asho တပ်ဦးချုပ် ဆလိုင်းရိုချင်း၊ ဒုတပ်ကြပ် ဆလိုင်းဖြိုးသီဟဇော်၊ ရဲဘော်အောင်လင်းဇော်တို့ဖြစ်ပြီး ဩဂုတ်လ ၁၄ ရက်​နေ့ နေ့လည်ပိုင်းမှာ ဆုံကုန်းအထိုင်ချ စစ်ကောင်စီတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်တာကိုခံလိုက်ရတာလို့ ဆို​ပါတယ်။

ပုံစာ – ကျဆုံးသွားတဲ့ CDF-Asho တပ်ဦးချုပ် ဆလိုင်းရိုချင်း၊ ဒုတပ်ကြပ် ဆလိုင်းဖြိုးသီဟဇော်၊ ရဲဘော်အောင်လင်းဇော်တို့၏ ဩဂုတ်လ ၁၅ ရက်နေ့က စျာပနမြင်ကွင်း

“တာဝန်နဲ့ သွားရင်းနဲ့ လမ်းမှာ ခြုံခိုတိုက်ခိုက်ခံရတဲ့ အနေထားပါ။ အဲနေရာကိုသွားတာ ၄ ယောက်လောက်ပဲ သွားတာပါ။ ဟိုဘက်က သတင်းရလို့ ထင်ပါတယ်။ အဲဒီမှာ ခြုံခိုစောင့်တဲ့ အခြေနေမှာ ဖြစ်သွားတာပါ။”လို့ CDF-Asho ပြောရေးဆိုခွင့်ရှိသူက ပြော​ပါတယ်။

ပစ်ခတ်မှုအတွင်း ၃ ဦးကျဆုံးပြီး တဦးလွတ်မြောက်လာကာ ပါသွားတဲ့ လက်နက်အချို့လည်း ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

ပုံစာ – ကျဆုံးသွားတဲ့ CDF-Asho တပ်ဦးချုပ် ဆလိုင်းရိုချင်း၊ ဒုတပ်ကြပ် ဆလိုင်းဖြိုးသီဟဇော်၊ ရဲဘော်အောင်လင်းဇော်တို့၏ ဩဂုတ်လ ၁၅ ရက်နေ့က စျာပနမြင်ကွင်း

ကျဆုံးသွားတဲ့ CDF-Asho တပ်ဦးချုပ်ပါ ၃ ဦးရဲ့အလောင်းတွေကိုတော့ ပစ်ခတ်မှုဖြစ်ခဲ့တဲ့ ညနေပိုင်းမှာပင် သွားရောက်ကောက်ယူခဲ့ပြီး ဩဂုတ်လ ၁၅ ရက်နေ့က နာရေးပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

CDF-Asho တပ်ဦးချုပ်အပါအဝင် ရဲဘော်တွေကျဆုူံခဲ့တဲ့အတွက် တပ်ဖွဲ့အတွက် ထိခိုက်နစ်နာဆုံးရှုံးမှုများခဲ့ပေမယ့် ကျန်ရှိလူတွေနဲ့ တာဝန်ကို ဆက်လက်ထမ်းဆောင်ကာ စစ်ကောင်စီကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ သိရပါတယ်။

ပုံစာ – ကျဆုံးသွားတဲ့ CDF-Asho တပ်ဦးချုပ် ဆလိုင်းရိုချင်း၊ ဒုတပ်ကြပ် ဆလိုင်းဖြိုးသီဟဇော်၊ ရဲဘော်အောင်လင်းဇော်တို့၏ ဩဂုတ်လ ၁၅ ရက်နေ့က စျာပနမြင်ကွင်း
ပုံစာ – ကျဆုံးသွားတဲ့ CDF-Asho တပ်ဦးချုပ် ဆလိုင်းရိုချင်း၊ ဒုတပ်ကြပ် ဆလိုင်းဖြိုးသီဟဇော်၊ ရဲဘော်အောင်လင်းဇော်တို့၏ ဩဂုတ်လ ၁၅ ရက်နေ့က စျာပနမြင်ကွင်း
ပုံစာ – ကျဆုံးသွားတဲ့ CDF-Asho တပ်ဦးချုပ် ဆလိုင်းရိုချင်း၊ ဒုတပ်ကြပ် ဆလိုင်းဖြိုးသီဟဇော်၊ ရဲဘော်အောင်လင်းဇော်တို့၏ ဩဂုတ်လ ၁၅ ရက်နေ့က စျာပနမြင်ကွင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။